အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို
24htopnews | September 20, 2024 6:12 AM CST
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အား အသင်းတွင် အသားကျရန် အချိန်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် (၂၄ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၉၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လာလီဂါ (၅) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ဆီမြွန်နီက ''အယ်လ်ဗာရက်ဇ်က အရမ်းကြိုးစားတဲ့ ကောင်လေးပါ။ သူက ကျွန်တော်တို့အသင်းအတွက် အရေးကြီးတဲ့သူဖြစ်လာမှာ သေချာပါတယ်။ သူ့အနေနဲ့ အနားယူချိန်နည်းပါးခဲ့သလို အသင်းနဲ့ပူးပေါင်းတာ သိပ်မကြာသေးပါဘူူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အချိန်ပေးဖို့လိုသလို သူ့ကို ကူညီပေးရမှာပါ''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
