ဘရာဇီးလ်လက်ရွေးစင်အသင်းဖော် နေမာ၏သတိပေးချက်သတင်းများ ထွက်ပေါ်နေမှုကို အမ်ဘာပေနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောကြားပြီး ရိုဒရီဂို တုံ့ပြန်ခဲ့ကြောင်း သိရသည်။
အမ်ဘာပေနှင့် တွဲကစားလျှင် အကြီးအကျယ်ဒုက္ခရောက်စေနိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းရှိ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်များကို ဘရာဇီးလ်နာမည်ကျော်ကစားသမား နေမာက ဆက်သွယ်သတိပေးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
အမ်ဘာပေနှင့် နေမာသည် PSG အသင်းတွင် ၂၀၁၇ မှ ၂၀၂၃ ခုနှစ်အထိ ခြောက်နှစ်ကြာ အတူတွဲကစားခဲ့သော်လည်း ယင်းကာလအတွင်း နေမာ၏ဒဏ်ရာပြဿနာကြောင့် (၁၃၆) ပွဲသာ တွဲကစားခဲ့ရပြီး ပြင်သစ်အမှတ်ပေးချန်ပီယံဆု လေးကြိမ်အပါအဝင် ပြည်တွင်းဖလားများ ဆွတ်ခူးနိုင်ခဲ့ကြသည်။
ပြင်သစ်နာမည်ကြီး ဂျာနယ်လစ် စီရယ်လ်ဟာနူနာက နေမာသည် အမ်ဘာပေ၏အကြောင်းကို ရီးယဲလ်မက်ဒရစ်ရှိ ဘရာဇီးလ်ကစားသမားများအား ဆက်သွယ်သတိပေးခဲ့သည်ဟု အတိအလင်းပြောကြားခဲ့သည်။
သို့သော် ရိုဒရီဂိုက ''အမ်ဘာပေ၊ ဘယ်လင်ဂမ်၊ ဗင်နီစီယပ်စ်တို့နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ ပိုကောင်းလာပြီး ရင်းနှီးမှုတွေ ပိုလာကြပါတယ်''ဟု ပြောကြားခဲ့သည်။
စတုဂတ်အသင်းအား (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ရိုဒရီဂိုသည် အမ်ဘာပေ၏ဂိုးကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
