အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာက အသင်းခေါင်းဆောင် မာတင်အော်ဒီဂွါ၏ဒဏ်ရာမှာ ခြေချင်းဝတ်အရွတ် ထိခိုက်မိခြင်းဖြစ်ပြီး အချိန်တစ်ခုကြာ လက်လွှတ်ရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
နော်ဝေလက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်သူ အော်ဒီဂွါ (၂၅ နှစ်) သည် စက်တင်ဘာ ၉ ရက်က သြစတြီးယားအသင်းနှင့်ကစားသည့် UEFA Nations League ပွဲစဉ်တွင် ဝဲဘက်ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းအနေဖြင့် ဒဏ်ရာကြောင့် စပါးအသင်းအား အနိုင်ရသည့် လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်ခဲ့သလို အချိန်တစ်ခုကြာ အနားယူရဦးမည်ဖြစ်ကြောင်း အာတီတာက စက်တင်ဘာ ၁၈ ရက်တွင်ပြုလုပ်သည့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
''Scan စစ်ဆေးမှုရလဒ်က ခြေချင်းဝတ်မှာရှိတဲ့ အရွတ်တစ်ဝိုက်မှာ ထိခိုက်မှုတချို့ ရှိခဲ့တယ်ဆိုတာ ပြသခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူ့ကိုလက်လွှတ်ရမှာပါ။ ဒါက သိသာထင်ရှားတဲ့အခြေအနေဖြစ်လို့ ကျွန်တော်တို့ သူ့ကို အချိန်တစ်ခုလောက် ဆုံးရှုံးရမှာပါ။ လနဲ့ ချီပြီး မဖြစ်စေဖို့တော့ မျှော်လင့်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူက ကျွန်တော်တို့အသင်းရဲ့ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ကျွန်တော်တို့ရဲ့ ကစားပုံက သူ ဘယ်လို ကစားတယ်၊ ဘယ်လို ကိုယ်စားပြုလဲဆိုတာနဲ့ တော်တော်လေးဆက်စပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ မတူညီတဲ့ပုံစံတစ်ခုကို ဘယ်လိုပြသနိုင်မလဲဆိုတာက အသင်းအတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုပါပဲ'' ဟု အာတီတာက ဆိုခဲ့သည်။
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၅) တွင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်နှစ်သင်းဖြစ်သည့် ဇယားထိပ်ဆုံးမှ မန်စီးတီး နှင့် အာဆင်နယ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
မန်စီးတီးအသင်း၏ အားထားရသည့် အဓိကကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနားမှာလည်း အင်တာမီလန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် အာဆင်နယ်အသင်းနှင့်ပွဲ၌ ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။
ဒီဘရိုင်းနားသည် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် ဂွန်ဒိုဂမ် နှင့် လူစားလဲခဲ့ရသည်။
၎င်း၏အခြေအနေနှင့်ပတ်သက်၍ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ''ကျွန်တော် မသိသေးပါဘူး။ ဒီညမှာ ကျွန်တော်တို့ စစ်ဆေးကြည့်ရမှာဖြစ်ပြီး မနက်ဖြန်ဆိုရင်တော့ အချက်အလက်တွေ ပိုပြီးရမှာပါ။ ဆရာဝန်တွေက သူမကစားနိုင်ဘူးလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပထမပိုင်းအပြီးမှာ လူစားလဲဖို့ ကျွန်တော် စဉ်းစားထားပြီးသားပါ။ တစ်ယောက်တည်းဖြစ်နေချိန်မှာ ဘောလုံးကို လွယ်လွယ်နဲ့ဆုံးရှုံးသွားရင် အဲဒါက တန်ပြန်တိုက်စစ်ဖြစ်သွားပြီး ရပ်တန့်ဖို့ မဖြစ်နိုင်ပါဘူး။ ပိုပြီးတိကျမှုရှိရပါမယ်။ အဲဒါက အထူးသဖြင့် ကယ်ဗင်ရဲ့ ဘယ်ခြမ်းမှာ ဖြစ်ခဲ့တာပါ။ ဖိအားမရှိဘဲ ဘောလုံးဆုံးရှုံးသွားပြီး အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျရင် သူတို့က ကျွန်တော်တို့ကို သတ်သွားလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
