“ဝ”ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း အပါအဝင် လုပ်ငန်း(၈)ခုတွင် လုပ်ကိုင်နေသူများအား ကူးစက်ရောဂါပိုးစစ်ဆေးမည်ဖြစ်ပြီး၊ လိုက်နာမှုမရှိပါက “ဝ” ပြည်နယ်၊ ကျန်းမာရေးစီမံခန့်ခွဲမှု စည်းမျဥ်းအတိုင်း အရေးသွားယူမည်ဖြစ်ကြောင်း ဟိုပန်ခရိုင် ကျန်းမာရေးဌာနက စက်တင်ဘာ(၁၈) ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။
ကူးစက်ရောဂါပိုးစစ်ဆေးရာတွင် ဖျော်ဖြေရေး လုပ်ငန်း၊ အနှိပ်ခန်း၊ ဟိုတယ် လုပ်ငန်း၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင် ဆိုင်နှင့် တက်တူးဆိုင်များတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအား HBV, HAV, TB, TP, HIV ရောဂါများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအပြင် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဌာနမှ လုပ်ငန်းခွင့်ပြုချက်လက်မှတ်အပြင် ရောဂါကင်းရှင်းကြောင်း လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုဆေးစစ်မှုအား စက်တင်ဘာလ(၁၉) ရက်မှ (၂၂ )ရက်အထိ နံနက် (၇)နာရီမှ နံနက်(၁၀)နာရီခွဲအတွင်း စစ်ဆေးပေးသွားမည်ဖြစ်ကာ
ကျန်းမာရေး ခွင့်ပြုချက်လက်မှတ်တစ်စောင်လျှင် ယွမ် (၂၄၀) ကျသင့်မည်ဖြစ်ပြီး၊ ရောဂါကင်းရှင်းကြောင်း လက်မှတ်မှာ တစ်ဦးလျှင် ယွမ် (၁၄၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ခွင့်ပြုချက်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်သူကို ဒဏ်ငွေ ယွမ် (၁) ထောင်၊ ကျန်းမာရေးခွင့်ပြုချက် လက်မှတ်မရှိဘဲ မိမိသဘောအရ ဆိုင်ဖွင့်လှစ်သူကို ဒဏ်ငွေ ယွမ် (၂) ထောင်စီအသီးသီးချမှတ်သွားမည်ဖြစ်သည်ဟု အသိပေးချက်တွင်ဖော်ပြထားသည်။
အဆိုပါ စည်းကမ်းချက်များကို မလိုက်နာဘဲ အကြိမ်ကြိမ် ချိုးဖောက်သူများကို ကျန်းမာရေးဌာနမှ လုပ်ငန်းရပ်ဆိုင်းခြင်း နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်များပယ်ဖျက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
