ငမိုးရိပ်ချောင်းရေမြင့်တက်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သင်္ဃန်းကျွန်းနှင့် ဒေါပုံမြို့နယ် အနိမ့်ပိုင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် ယနေ့ စက်တင်ဘာ (၂၀)ရက် နံနက်ပိုင်းမှ စတင်၍ ရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက် အပါဝင် ဦးဝိစာရလမ်း အနိမ့်ပိုင်း နေရာအချို့တွင် ရေ (၁)ပေဝန်းကျင် မြင့်တက်လာပြီး ရေနှုတ်မြောင်းများတွင်လည်း ရေများ ပြည့်လျှံနေကြောင်း သိရသည်။
“ဒီမနက်မိုးက သိပ်ရွာတာမရှိဘူး။ ဒီဘက် (၄၀) ရက်ကွက်ဘက်တော့ ရေမတက်သေးဘူး။ ပင်လုံလမ်းမတလျှောက်လည်း ရေမဝင်သေးဘူး။ ငမိုးရိပ်ချောင်းကတော့ အရင်နေ့တွေကထက်စာရင် ရေတော်တော်တက်နေတယ်။ မြောင်းတွေတော့ ရေပြည့်နေတာ တွေ့ခဲ့ရတယ်။”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ထို့ပြင် ဒေါပုံမြို့နယ်ရှိ အနိမ့်ပိုင်း ရပ်ကွက်နေရာအချို့တွင်လည်း ရေများ စတင်ဝင်ရောက်နေပြီဖြစ်ရာ နေအိမ်တိုက်ခန်း အောက်ထပ်ခန်းများ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များလည်း ရေဝင်ရောက်မှုနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံတို့က ဆိုသည်။
“ဒီမနက် ရေကတော့ စဝင်နေပြီ။ လက်ဖက်ရည်ဆိုင်ဆို ထိုင်ခုံတွေ အမြုပ်ပဲ။ ရေက ဆက်တက်ဦးမယ် ထင်တယ်။ ရေပြန်ကျဖို့က နောက် (၂)ရက် ကျန်သေးတယ်”ဟု ဒေါပုံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက် အနိမ့်ပိုင်းနေရာအချို့တို့တွင်လည်း ရေဝင်ရောက်လျက်ရှိကြောင်း မြို့ခံတို့က ဆိုသည်။
ငမိုးရိပ် ရေလှောင်တမံတွင် ရေပြည့်အမှတ်မှာ (၁၀၇) ပေဖြစ်ပြီး ရေပြည့်အမှတ်ထက် (၂)ပေခန့် ရောက်ရှိနေကြောင်းနှင့် ယခင်ရက်များကပင် ရန်ကုန်တွင် ထူးကဲ့ဒီရေမြင့်တက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယနေ့ စက်တင်ဘာ(၂၀) ရက်မှ (၂၅) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါဝင် တိုင်းနှင့် ပြည် နယ် (၁၃)ခုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက် ၍ မိုးကြီးခြင်းများနှင့် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ယမန်နေ့ စက်တင်ဘာ (၁၉)ရက်က မိုး/ဇလမှ အသိပေးထု တ်ပြန်ထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
