ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဥ်မောင်းများအနက် မဆင်မခြင်မောင်းနှင်သည့် ယာဥ်မောင်းများ၏ Smart Card များကိုဖျက်သိမ်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။
YBS ယာဥ်များ ယှဉ်ပြိုင်ကျော်တက်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း၊ (၃)ကြိမ်အထက်စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအားအသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၄)ကို စက်တင်ဘာ ၁၉ ရက်နံနက် ၉ နာရီခွဲကကျင်းပရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မဆင်မခြင်မောင်းနှင်မှုများအား YRTC မှလုံးဝခွင့်လွှတ်မည်မဟုတ်၍ စစ်ဆေးသိရှိပါက ယာဥ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ်ကင်းရှင်းရေးကောင်စီမှလည်း ၎င်းတို့၏ ယာဉ်မောင်းလိုင်စင်များကို အချိန်ကာလတစ်ခုသတ်မှတ်ကာ ပိတ်သိမ်းအရေးယူရန်ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ပြောသည်။
“ယှဉ်ပြိုင်ကျော်တက်မောင်းတာ၊ ဘေးတံခါးဖွင့်မောင်းတာ၊ လမ်းပြောင်းပြန်မောင်းတာ၊ မီးနီဖြတ်မောင်းတာတွေ ယာဉ်စည်းကမ်းဖောက် ဖျက်တာတွေ သတ်မှတ်ကီလိုထက်ပိုပြီးမောင်းနှင်တာတွေကြောင့် ေ-သဆုံးမှု၊ ဒဏ်ရာရမှုများရှိလာပါတယ်”ဟု YRTC ၏ ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။
ယာဉ်မတော်တဆမှုနှိုင်းယှဉ်ချက်အရ YBS ယာဥ်များ လမ်းပြောင်းပြန်မောင်းနှင်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း လမ်းဖြတ်ကူးသူ (၁၃)ဦးေ-သဆုံးခဲ့ကာ (၁၉)ဦးဒဏ်ရာရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လက်ရှိအချိန်အထိ ေ-သဆုံးသူ(၁၂)ဦးရှိကာ (၆)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း YBS ယာဥ်များပေါ်မှပြုတ်ကျ၍ ေ-သဆုံးသူ(၆)ဦးရှိခဲ့ကာ ဒဏ်ရာရသူ (၈)ဦး ၂၀၂၄ ခုနှစ်တွင် လက်ရှိအချိန်အထိေ-သ ဆုံးသူ(၂)ဦးရှိပြီး (၁)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း YRTC ဒု-ဥက္ကဋ္ဌဦးချစ်ကိုကို၏ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းအတွင်း YRTC ၏စီမံခန့်ခွဲမှုအောက် ၌ YBS ယာဉ်လိုင်းကုမ္ပဏီ(၂၁)ခုမှ စာရင်းရှိယာဉ်စီးရေ(၅၅၀၀)စီးခန့်အနက် နေ့စဉ် ယာဥ်စီးရေ(၄၀၀၀)စီးခန့်က ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
