အိန္ဒိယ လက်နက်ထုတ်လုပ်သူများက ရောင်းချသည့် အမြောက်ကျည်များကို ဥရောပ ဖောက်သည်များက ယူကရိန်းထံ လွှဲပေးခဲ့ကြောင်းနှင့် ယင်းကိစ္စကို မော်စကို ကကန့်ကွက်ခဲ့သည့်တိုင် ကုန်သွယ်မှုကို နယူးဒေလီက ဝင်ရောက်ဟန့်တားခြင်း မရှိခဲ့ကြောင်း အိန္ဒိယ၊ ဥရောပ အစိုးရနှင့် ကာကွယ်ရေးလုပ်ငန်း အရာရှိ ၁၁ ဦးအပြင် ရိုက်တာက သုံးသပ်ခဲ့သည့် အကောက်ခွန်အချက်အလက်များအရ သိရသည်။
ရုရှားနှင့် တိုက်ပွဲတွင် ယူကရိန်း၏ ကာကွယ်ရေးအတွက် ထောက်ပံ့သည့် ခဲယမ်းများ ပေးအပ်မှုသည် တစ်နှစ်ကျော်ကြာ ခဲ့သည်ဟု သတင်းအရင်းအမြစ်များနှင့် အကောက်ခွန် အချက်အလက်များအရ သိရသည်။ အိန္ဒိယ၏ လက်နက်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးအပ်မှုများဖြစ်ပေါ်ခဲ့ပါက နောင်တွင် ရောင်းချမှုကို ရပ်စဲခံရမည့်အခြေအနေရှိသူအဖြစ် ကြေညာထားသော ဝယ်ယူသူများကို လက်နက်များသုံးပြုမှုအား ကန့်သတ်ထားသည်။
ဇူလိုင်လအတွင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့၏ အစည်းအဝေးတစ်ခုအပါအဝင် လွှဲပြောင်းမှုဖြစ်စဉ်နှစ်ရပ်အတွက် ခရင်မလင်က အနည်းဆုံး ကန့်ကွက်ထုတ်ပြန်မှုနှစ်ကြိမ် လုပ်ခဲ့သည်ဟု အိန္ဒိယအရာရှိသုံးဦးက ပြောဆိုသည်။
ခဲယမ်းမီးကျောက်များ လွှဲပြောင်းခဲ့မှုများနှင့် ပတ်သက်၍ ရိုက်တာက ပထမဆုံး သတင်းဖော်ပြခဲ့သည်။
ရုရှားနှင့် အိန္ဒိယ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများကမူ ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့မှုများအား တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဇန်နဝါရီလအတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုရာ၌ အိန္ဒိယအနေဖြင့် ယူကရိန်းသို့ အမြောက်ကျည်များကို ပေးပို့ခြင်း သို့မဟုတ် ရောင်းချခဲ့ခြင်း မရှိဟု ဆိုခဲ့သည်။
အိန္ဒိယအစိုးရနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း သတင်းရင်းမြစ်နှစ်ခုစီက ဒေလီသည် ယူကရိန်းက အသုံးပြုသော ခဲယမ်းများကို အလွန်နည်းသော ပမာဏသာ ထုတ်လုပ်ခဲ့သည်ဟု ရိုက်တာကို ပြောဆိုကြပြီး အရာရှိတစ်ဦး၏ ခန့်မှန်းပြောဆိုမှုအရ စစ်ပွဲစချိန်ကတည်းက ယူကရိန်းတို့ တင်သွင်းခဲ့သော လက်နက်ခဲယမ်း စုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက်သာရှိခဲ့သည်ဟု ဆိုသည်။ ယင်း ခဲယမ်းများကို ဥရောပ ဖောက်သည်များက ကိဗ်ကို ပြန်ရောင်းခဲ့ခြင်းလား၊ လှူဒါန်းခဲ့ခြင်းလားဆိုသည်ကိုမူ သတင်းဌာနက ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။
ယူကရိန်းသို့ လက်နက်များပေးပို့သည့် ဥရောပနိုင်ငံများအနက် အီတလီနှင့် ချက်သမ္မတနိုင်ငံတို့လည်း ပါဝင်ပြီး ယင်းနှစ်နိုင်ငံသည် ကိဗ်သို့ ဥရောပသမဂ္ဂပြင်ပမှ အမြောက်ကျည်များ ထောက်ပံ့ရေး ကနဦးအစီအစဉ်တစ်ရပ်ကို ဦးဆောင်လျက်ရှိသည်ဟု စပိန်လူမျိုးတစ်ဦး၊ အိန္ဒိယအကြီးတန်း အရာရှိတစ်ဦးနှင့် ယူကရိန်းအသုံးပြုသည့် ခဲယမ်းများထုတ်လုပ်ရာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည့် Yantra India မှ ထိပ်တန်းအမှုဆောင်ဟောင်းတစ်ဦးတို့က ပြောကြားခဲ့သည်။
Ref: တီဘီအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
