အီလွန်မတ်စ်၏ Starlink ဂြိုဟ်တုကွန်ရက်၏ ရေဒီယိုလှိုင်းဖြာထွက်မှုများကို အသုံးချ၍ ရန်သူ ကိုယ်ပျောက်လေယာဉ်များကို ဖော်ထုတ်သိရှိနိုင်ကြောင်း တရုတ်သုတေသီများက ပြောကြားသည်။
တရုတ်သုတေသီများသည် သာမန်ငှက်တစ်ကောင်အရွယ်အစားမျှသာရှိသော DJI Phantom 4 Pro ဒရုန်းတစ်စင်းကို တရုတ်နိုင်ငံ ကွမ်တုံးကမ်းခြေဝယ် လွှတ်တင်၍ ဖိလစ်ပိုင်နိုင်ငံပေါ်မှ ပျံသန်းလျှက်ရှိသော Starlink ဂြိုဟ်တုတစ်လုံး၏ ရေဒီယိုလှိုင်းဖြာထွက်မှုအပြောင်းအလဲအား မြေပြင်အခြေစိုက် ရေဒါစခန်းတစ်ခုမှ ထောက်လှမ်း၍ သေးငယ်သော ဒရုန်း၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ကြောင်း သုတေသနစာတမ်းတွင်ဖော်ပြထားသည်။
ကိုယ်ပျောက်တိုက်လေယာဉ်များ၊ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များသည် မိမိတို့အား ရန်သူရေဒါစနစ်က ရှာဖွေတွေ့ရှိခြင်းမရှိစေရန် လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုပုံစံအမျိုးမျိုးကို လေယာဉ်ထံမှ ထုတ်လွှတ်ခြင်းအားဖြင့် မိမိတို့လေယာဉ်၏ မူလ ပုံပန်းသဏ္ဍာန်ကို ရေဒါတွင် ပုံပျက်စေသည့် နည်းလမ်းကို အသုံးပြုကြခြင်းဖြစ်သည်။
သို့ရာတွင် ယခုနည်းလမ်းအရ ရှာဖွေရာတွင် “ပစ်မှတ်၏ သုံးဖက်မြင်ပုံသဏ္ဍာန်ကို ထိခိုက်ခြင်းမရှိ” ဟု Journal of Signal Processing တွင်ဖော်ပြထားသော သုတေသနစာတမ်းအရ သိရသည်။
ဆိုလိုသည်မှာ အလားအလာရှိသော ရှာဖွေရေးစနစ်သည် အသေးစားနှင့် ကိုယ်ပျောက်ပစ်မှတ်များကို ထောက်လှမ်းရာတွင် သိသာထင်ရှားသော အားသာချက်များကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သုတေသီတို့က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
