ဝါရှင်တန်၊စက်တင်ဘာ ၂၀
အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာနှင့်အစ္စရေးတို့ကြားတင်းမာမှုများ ဆက်လက်မြင့်တက်လာနေသဖြင့် အမေရိကသည် သက်ဆိုင်သူများကို သတိပေးစကားပြောကြားခဲ့ပြီး အမေရိကအနေဖြင့် ဖြစ်နေသမျှပြဿနာအားလုံးကို သံတမန်နည်းလမ်း အရသာဖြေရှင်းစေလိုကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အစ္စရေးက ကိုယ့်မြေကိုယ့်ရေကိုကာကွယ်တာကို လက်ခံအားပေးပါတယ်၊ဒါပေမဲ့ ဒီပြဿနာကို ထပ်ပြီးရှည်ကြာစေမဲ့ အပြုအမူနဲ့လုပ်ရပ်တွေကိုတော့ အားမပေးပါဘူး” ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာမက်သရူးမီလာကပြောကြားခဲ့သည်။
“ဖြစ်နေတဲ့ပြဿနာတွေကို သံတမန်နည်းအရဖြေရှင်းလို့ရအောင် စ ပြီး ဖြစ်တဲ့အောက်တိုဘာ ၇ ရက်ကတည်းက ကျွန်တော်တို့ကာကြိုးပမ်းခဲ့ပါတယ်၊ဒါပေမဲ့ ကျွန်တော်တို့ထက် ဒီပြဿနာထဲပါဝင်တဲ့နိုင်ငံတွေကပဲ အဓိကဖြစ်တာမို့ ကျွန်တော်တို့ဘယ်လောက်ကြိုးပမ်းကြိုးပမ်းအောင်မြင်မှုမရခဲ့ပါဘူး” ဟုလည်းပြောကြားခဲ့သည်။
ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် နောက်တစ်ပတ်အတွင်း အစ္စရေးသို့သွားမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးကပြောကြားခဲ့သော်လည်း မစ္စတာမီလာက မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။သို့သော် ဝါရှင်တန်အနေနှင့် အစ္စရေးနှင့် ကျိန်းသေပေါက် ဆွေးနွေးဦးမည်ဟုဆိုခဲ့သည်။
Source : ရိုက်တာ/အက်ဖ်အက်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
