ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ယန်း(၃)သိန်းလှူဒါန်း
24htopnews | September 20, 2024 2:12 PM CST
မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်မှ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်က ယန်း(၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နာဂိုယာမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura က ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး၊ တိုကျိုမြို့သို့လာရောက်၍ လှူဒါန်းခဲ့ခြင်းဖြစ် သည်။
အဆိုပါ အလှူငွေအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးစိုးဟန်က လက်ခံရယူခဲ့ပြီး အလှူငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
