စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်
24htopnews | September 20, 2024 3:12 PM CST
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
သို့သော် မည်သည့်ရက်တွင် ရောင်းချပေးမည်ကို ဖော်ပြထားခြင်းမရှိပေ။ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း စက်သုံးဆီလုပ်ငန်းရှင်နှင့် စားသုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၁၇ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ၌ စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တစ်လခွဲကျော်အတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၁၇၀ နီးပါးအထိ ရောင်းချပေးထားသလို ဒေါ်လာသန်း ၂၃၀ ခန့်နှင့် တရုတ်ယွမ်သန်း ၂၀ ကျော် ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
