မန္တလေးတိုင်း မြို့နယ်သုံးမြို့နယ်ရှိ ကျေးရွာများသို့ ကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာများကို ပြင်ဦးလွင် မူစလင်လူမှုကူညီရေးအသင်း(Pyin Oo Lwin Muslim Aid) က ယမန်နေ့ စက်တင်ဘာ (၁၉)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာ၌ မြစ်သားနှင့် ပုလိပ်မြို့နယ်အတွင်းရှိ ခံလူး၊ လက်ပံချိုင့်၊ တဘက်ဆွဲကျေးရွာနှင့် ကျောက်ဆည်မြို့ နယ်အတွင်းရှိ ဆူးလေကုန်း၊ လက်ပံကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အဖွဲ့အနေဖြင့် အဆိုပါ ကျေးရွာများသို့ ထောက်ပံ့လှူ ဒါန်းမှုပြုရာတွင် ခေါက်ဆွဲဖာ(၁,၂၀၀)၊ ရေသန်(1)လီတာအ တွဲ(၁,၂၆၀)၊ မုန့်ကြွပ်ထုပ် (၁,၂၃၀)၊ မဝတ်အထည် (၃၇) ထု ပ်၊ ကျားဝတ်အထည် (၁၅)ထုပ်၊ ကလေးဝတ်အထည် (၉) ထုပ်၊ ဘာလချောင်ကြော် (၁၀)သား အထုပ် (၅၀၀)နှင့် ကျေး ရွာများတွင် တစ်ဦးချင်း ငွေသားအလှူအပါအဝင် တန်ဖိုးငွေကျပ်သိန်း(၄၀၀)ကျော်အား ပြင်ဦးလွင်မြို့မှ အလှူရှင်များကိုယ်စား ပထမအကြိမ်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သီးခြားဖွဲ့စည်းထားသည့် သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီက တောင်ငူနှင့် တပ်ကုန်းဒေသရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀) အတွက် စားနပ်ရိက္ခာများ စတင်ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
