နယူးကာဆယ်အသင်းသည် တိုက်စစ်ကစားသမား ဂေါ်ဒွန်ကို အသင်း၏ အမြင့်ဆုံးလစာနှုန်းထားဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဂေါ်ဒွန်(၂၃ နှစ်)ကို ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့တွင် အဲဗာတန်အသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
၎င်းသည် အသင်းသို့ ရောက်ရှိကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများစွာရှိနေသည့်အတွက် နယူးကာဆယ်အသင်းက သက်တမ်းတိုးစာချုပ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် ဂေါ်ဒွန်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာတွင် လစာအဖြစ် တစ်ပတ်ပေါင် (၆၀၀၀၀)သာ ပေးချေနေခြင်းဖြစ်ပြီး သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ပါက လက်ရှိလစာ၏ (၃)ဆဝန်းကျင်အထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နယူးကာဆယ်အသင်းသည် ဂေါ်ဒွန်ကို တစ်နှစ်လစာ ပေါင်(၉)သန်းဝန်းကျင်အထိ တိုးမြှင့်ပေးအပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး မကြာမီ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရသည်။
ဂေါ်ဒွန်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများထဲတွင် လီဗာပူးလ်အသင်းက ခြေလှမ်းအသွက်ဆုံးဖြစ်နေပြီး ပြီးခဲ့သည့်နွေရာသီတွင် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် ဂေါ်ဒွန်ကို ခေါ်ယူရန် လက်ရှိအချိန်အထိ ပစ်မှတ်ထားနေဆဲဖြစ်ပြီး ကင်းထောက်များအား စောင့်ကြည့်စေလျက်ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
