စပါးအသင်း၏နည်းပြ ပိုစတီကိုဂလူးသည် ယခုရာသီတွင် ပရီးမီးယားလိဂ်မှ အစောဆုံးထုတ်ပယ်ခံရနိုင်သည့် နည်းပြ(၈)ဦးစာရင်း၌ ပါဝင်လာကြောင်း သိရသည်။
ပိုစတီကိုဂလူး(၅၉ နှစ်)သည် ၂၀၂၃ နွေရာသီတွင် ဆဲလ်တစ်အသင်းမှ စပါးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ စပါးအသင်းကို အဆင့်(၅)နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ထို့ ကြောင့် ပရိသတ်များ၏ ထောက်ခံမှု ရရှိခဲ့သော်လည်း ယခုရာသီတွင်မူ ပရီးမီးယားလိဂ်(၄)ပွဲ ကစားပြီးချိန်၌ နိုင်ပွဲ(၁)ပွဲသာ ရရှိပြီး (၁)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း ထင်ကြေးပေးခံလာရခြင်းဖြစ်သည်။
စပါးအသင်းသည် ပိုစတီကိုဂလူးကို ၂၀၂၇ ခုနှစ်အထိ (၄)နှစ်စာချုပ်ဖြင့် ခန့်အပ်ထားခြင်းဖြစ်သော်လည်း ရလဒ်ကောင်းများ ရယူပေးနိုင်ခြင်းမရှိပါက ရာထူးမှ ထုတ်ပယ်ရန် တွေဝေနေဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာထူးမှ အစောဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် အဲဗာတန်နည်းပြ ရှောင်ဒိုက်က (၁၃း၈)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး မန်ယူနည်းပြ တန်ဟက်ဂ်က (၁၁း၂) လေးဖြင့် ဒုတိယရေပန်းအစားဆုံး ဖြစ်နေသည်။
၎င်းတို့၏နောက်၌ ရပ်ဆဲလ်မာတင်(ဆောက်သမ်တန်)၊ ဂယ်ရီအိုနေးလ်(ဝုလ်ဗ်)၊ စတိဗ်ကူးပါး(လက်စတာ)၊ မာရက်စကာ (ချယ်လ်ဆီး)၊ ဂလက်စ်နာ(ပဲလေ့စ်)၊ ပိုစတီကိုဂလူး(စပါး)တို့ အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
