အယ်လ်နာဆာအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဂွီဒိုဖီယန်ဂါက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အသင်းကို ထိန်းချုပ်နေခြင်းမရှိဟု ပြောကြားခဲ့သည်။
အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီနည်းပြ လူးဝစ်ကတ်စထရိုကို ရာထူးမှ ထုတ်ပယ်ပြီး အီတလီနည်းပြ ပီအိုလီကို အစားထိုးခန့်အပ်ခဲ့သည်။
အဆိုပါအပြောင်းအလဲမှာ စီရော်နယ်လ်ဒို၏ သဘောထားအပေါ် မူတည်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်လာသည့်အတွက် ဖီယန်ဂါက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''စီရော်နယ်လ်ဒိုက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကမ္ဘာ့နံပါတ်(၁) ဖြစ်နေရင်တောင် အသင်းကို ထိန်းချုပ်နေခြင်းမရှိပါဘူး။ သူက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေဆီ ရောက်ရှိအောင် ညွှန်ပြပေးသူသာ ဖြစ်ပါတယ်။ သူက အောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲဆိုတာ သူ့ဆီကနေ ကျွန်တော်တို့ သင်ယူရပါတယ်''ဟု ဖီယန်ဂါက ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်း၏ ကစားသမားသစ် ခေါ်ယူမှုများနှင့် နည်းပြခန့်အပ်မှုများ၌ ခြယ်လှယ်နေကြောင်းနှင့် ၎င်းအနေဖြင့် အသင်းနှင့်အတူ အောင်မြင်မှုရယူနိုင်ရန် ဆန္ဒပြင်းပြနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
