မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူ ကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းဘေး ရှိ ပိတ်ထားသောပုဂ္ဂလိကဆေးခန်းအဆောက်အအုံဟောင်းအတွင်း စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါ သထုံမြို့နယ် ပေါ်တော်မူကျေး ရွာ၊ ပေါ်တော်မူဘုရားအနီး ရန်ကုန် - မော်လ မြိုင် ကားလမ်းဘေးရှိ မျက်နှာဝ ၈၅ ပေ၊ အ လျား ပေ ၃၀၀၊ အမြင့်ပေ ၃၀ ခန့်ရှိ သွပ်မိုး၊ အုတ်ကာ သုံးထပ် အဆောက်အအုံဖြစ်သော ‘စေတနာဖြူ’ ပုဂ္ဂလိက ဆေးခန်းအဟောင်း အဆောက်အအုံ၏ မြေညီထပ် ဘယ်ဘက် လှေကား အောက်နေရာ၌ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်း ကဆက်လက်ပြီး “လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့်ပေါ့နော်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို လှေကား လက် ရမ်းတွေ၊ လှေကားနဲ့ ကပ်လျက်အခန်းထဲ မှာရှိတဲ့ သစ်သားဗီရိုနဲ့ ထိုင်ခုံတွေ ထိခိုက် ပျက်စီးမှုများရှိခဲ့ပါတယ်။ လူနဲ့တိရစ္ဆာန်တော့ ထိခိုက်မှုမရှိပါဘူး” ဟု ပြောကြားသည်။
ထိုလက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ သက်ဆိုင်ရာမှလည်း စုံစမ်းစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ‘စေတနာဖြူ’ ပုဂ္ဂလိကဆေးခန်း အဟောင်း အဆောက်အအုံအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် ထိုဆေး ခန်း အဆောက်အအုံ အဟောင်းဘေးခြံရှိ ကုန်စုံဆိုင်မှ မျက်နှာကျက်များလည်း ပြိုကျ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ပေါက်ကွဲမှုဖြစ်တာက မနေ့ (စက်တင် ဘာလ ၁၈ ရက်နေ့) မွန်းလွဲ ၂ နာရီခွဲအချိန် လောက်မှာပါ။ ပေါက်ကွဲသံက ကျယ်တဲ့အ ပြင် မြေကြီးပါတုန်သွားတယ်။ အဲ့ဒီဆေးခန်း အဆောက်အအုံထဲမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တဲ့အပြင်ကို ဘေးခြံမှာရှိတဲ့ စျေးဆိုင်က မျက်နှာကျက်တွေပါ ပြိုကျပျက်စီးမှုတွေရှိခဲ့ ပါတယ်” ဟုဒေသခံတစ်ဦးကပြောကြားသည်။
ထို စေတနာဖြူ ပုဂ္ဂလိက ဆေးခန်းမှာ ယခင် သထုံခရိုင်ဆေးရုံအုပ်ကြီးမှ ဆေးခန်း ဖွင့်သွားသည့် အဆောက်အုံဖြစ်ကြောင်း၊ ၎င်းင်းမှာ တာဝန်အရ ပြင်ဦးလွင်ကို ပြောင်းရွှေ့ သွားရပြီးသည့်နောက်ပိုင်းတွင် ၎င်းင်းဆေးခန်း အဆောက်အအုံအား ပိတ်ထားခဲ့ခြင်းဖြစ် ကြောင်းနှင့် ထိုဆေးခန်းအဆောက်အအုံ မှာလည်း ဆောက်လက်စအဆောက်အအုံ တစ်ခုဖြစ်ကြောင်း ၎င်းင်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုံကျောင်းလမ်းရှိ နေအိမ်တစ်လုံးရှေ့တွင် လက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ပိုင်း တွင် ယခုကဲ့သို့ စေတနာဖြူ ပုဂ္ဂလိက ဆေး ခန်း အဆောက်အအုံအတွင်း လက်လုပ် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
