စပို့တင်းလစ္စဘွန်းအသင်းသည် ထိပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသော ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)ရပါက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဂျိုကာရက်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက စပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲစုံ ပွဲ (၅၀) ပွဲတွင် (၄၃) ဂိုးသွင်းယူပြီးနောက် ဥရောပတွင် ထွန်းတောက်လာခဲ့သူဖြစ်သည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် အာဆင်နယ်အပါအဝင် ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
စပို့တင်းလစ္စဘွန်းအသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဂျိုကာရက်စ်အား ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။
စပို့တင်းလစ္စဘွန်းအသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုခြင်းမရှိသည့်အတွက် ယူရိုသန်း(၁၀၀)ရရှိမှသာ ရောင်းထုတ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဂျိုကာရက်စ်သည် ယခုရာသီတွင်လည်း စပို့တင်းလစ္စဘွန်းအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၇) ပွဲတွင် (၉) ဂိုးအထိ သွင်းယူထားသည်။
ဂျိုကာရက်စ်က ၎င်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်း၌ ပျော်ရွှင်နေသော်လည်း ဥရောပထိပ်တန်းလိဂ်များတွင် ကစားလိုကြောင်း ဝန်ခံထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
