အာဆင်နယ်အသင်းသည် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်ကို သက် တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဂါဘရီရယ်လ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကမှ အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် ခြေစွမ်းပြနေသည့် ဂါဘရီရယ်လ်အား ထိပ်သီးပြိုင်ဘက်များက ခေါ်ယူရန် ကြိုပမ်းနေကြကြောင်း သိရှိရသည်။
ထို့ကြောင့် အာဆင်နယ်အသင်းက ဂါဘရီရယ်လ်အား လစာနှုန်းထားအသစ်ဖြင့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန်အတွက် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဆာလီဘာနှင့် ဂါဘရီရယ်လ် ခံစစ်အတွဲသည် လက်ရှိ ဥရောပတွင် အကောင်းဆုံးခံစစ်အတွဲဖြစ်ကြောင်း ချီးကျူးထားသည်။
ဂါဘရီရယ်လ်သည် ၂၀၂၀ နွေရာသီတွင် လိုင်လီအသင်းမှ အာဆင်နယ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် (၂၇) သန်းဖြင့် ခေါ်ယူခဲ့သည်။
၎င်းသည် အာဆင်နယ်အသင်းအတွက် (၄) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၁၇၁) ပွဲတွင် (၁၅) ဂိုး သွင်းယူထားပြီး အသင်းနှင့်အတူ ကွန်မြူနတီဒိုင်း ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
