■ ဖူလ်ဟမ်နှင့်ပွဲကို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် လွဲချော်ဖွယ်ရှိ
24htopnews | September 20, 2024 4:12 PM CST
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် ဖူလ်ဟမ်နှင့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
အီဆက်ခ်သည် ခြေချောင်းဒဏ်ရာ ရရှိနေသည့်အတွက် ဖူလ်ဟမ်နှင့်ပွဲကိုသာမက အခြားပွဲအချို့ကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
နယူးကာဆယ်အသင်းတွင် ဝီလ်ဆင်မှာလည်း နောက်ကျောဒဏ်ရာကြောင့် အနားယူရမည်ဖြစ်သည့်အတွက် ဂေါ်ဒွန်က တိုက်စစ်မှူးအဖြစ် ကစားရဖွယ်ရှိကြောင်း သိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ အီဆက်ခ်သည် ပြီးခဲ့သည့်ရာသီ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၂၅) ဂိုး သွင်းယူပေးခဲ့သည်။
ထို့ပြင် ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၃) ပွဲတွင်လည်း (၁) ဂိုးသွင်းယူထားသည်။
နယူးကာဆယ်အသင်းအနေဖြင့် အဓိကတိုက်စစ်မှူး အီဆက်ခ်ကို ဒဏ်ရာကြောင့် ဆုံးရှုံးရခြင်းမှာ ထိုးနှက်ချက်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
