အမေရိကန်လက်ရွေးစင်အသင်း၏နည်းပြသစ် ပိုချက်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်မှန်းထားသည့်ပစ်မှတ်ကို ဖွင့်ဟပြောကြားခဲ့သည်။
ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဆုရယူရန် ပစ်မှတ်ထားနေသည်ဟု သတင်းထွက်ပေါ်နေသည်။
သို့သော် ပိုချက်တီနိုကအမေရိကန်အသင်းအနေဖြင့် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်ရောက်ရှိရန်သာ ပစ်မှတ်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ခန့်အပ်ခံထားရသူဖြစ်သည်။
အမေရိကန်နိုင်ငံသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး အောင်မြင်မှုရရန် မျှော်လင့်နေကြောင်း သိရသည်။
အမေရိကန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပဲဲွ စတင်ကျင်းပသည့် ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရဖူးခြင်းမှာ အသင်းသမိုင်းတွင် အအောင်မြင်ဆုံးဖြစ်ပြီး ယင်းနောက် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရှုံးထွက် (၁၆) သင်းအဆင့်သာ ၎င်းတို့အတွက် အမြင့်ဆုံးဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
