လေဗာကူဆင်အသင်းသည် လက်ရှိနည်းပြ ဇာဘီအလွန်ဆို အသင်းမှထွက်ခွာသွားခဲ့ပါက အစားထိုးရန် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ကို လျာထားကြောင်း သိရသည်။
အလွန်ဆိုသည် လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။
သို့သော် ဥရောပတွင် နာမည်ရလာသည့် အလွန်ဆိုအား ၎င်း၏ကစားသမားဘဝအသင်းဟောင်းများဖြစ်သည့် ရီးယဲလ်၊ လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
ထို့ပြင် အလွန်ဆိုအနေဖြင့်လည်း လီဗာပူးလ် သို့မဟုတ် ရီးယဲလ်အသင်းထံ အချိန်မရွေးပြောင်းရွှေ့သွားနိုင်ကြောင်း ထင်ကြေးပေးခံထားရသည်။
ထို့ကြောင့် လေဗာကူဆင်အသင်းက ၎င်းနေရာ အစားထိုးရန် နည်းပြသစ်အဖြစ် ရာအူးလ်ကို လျာထားခြင်းဖြစ်ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်နှင့် စပိန်ဂန္ထဝင် ရာအူးလ်သည် လက်ရှိတွင် ရီးယဲလ်အကယ်ဒမီအသင်းကို ကိုင်တွယ်နေပြီး အနာဂတ်တွင် ရီးယဲလ်အသင်းနည်းပြဖြစ်လာနိုင်သူဟု သုံးသပ်ခံနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
