အေစီမီလန်နည်းပြ ဖွန်ဆီကာသည် လာမည့်မီလန်ဒါဘီပွဲတွင် ရှုံးနိမ့်လျှင် နည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်ကြောင်း အီတလီမီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။
ရိုးမားနည်းပြဟောင်း ဖွန်ဆီကာသည် ပြီးခဲ့သည့်နွေရာသီကမှ အသင်းနှင့်လမ်းခွဲခဲ့သည့် ပီအိုလီ၏နေရာတွင် အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
သို့သော် ၎င်းလက်ထက်တွင် အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၅) အပြီးတွင် နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး ရမှတ် (၅) မှတ်ဖြင့် အဆင့် (၁၀) နေရာ ရောက်ရှိနေသည်။
ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း အိမ်ကွင်း၌ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ထားသည့်အတွက် အသင်းတာဝန်ရှိသူများက နည်းပြ ဖွန်ဆီကာကို ရာထူးမှ ထုတ်ပယ်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖွန်ဆီကာအနေနဖြင့် လာမည့် မီလန်ဒါဘီတွင် အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပါက ထုတ်ပယ်ခံရတော့မည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။
အေစီမီလန်အသင်း တာဝန်ရှိသူများသည် ဖွန်ဆီကာ၏နေရာတွင် အစားထိုးရန်အတွက် ဒေါ့မွန်နည်းပြဟောင်း တယ်ဇစ်အား ဆက်သွယ်နေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
