ရေဘေးသင့်ဘေးပြည်သူများသို့ သွားရောက်လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချခဲ့ရာ ၊ ယနေ့ စက်တင်ဘာလ(၂၀) ရက်တွင် ကျပ်သိန်း (၅၀၀)ဖြင့် အမည်မဖော်လိုသူတစ်ဦးက လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းမင်းအနေဖြင့် ယခုလစက်တင်ဘာ(၁၂) ရက်နေ့မှစတင်ကာ အဆိုပါ ခါးပါတ်အား လေလံစဖွင့်ခဲ့ခြင်းဖြစ်ပြီး ၊ (၉) ရက်အကြာ ယနေ့ စက်တင်ဘာ(၂၀)ရက်တွင် ကျပ်သိန်း(၅၀၀)ဖြစ် လေလံအောင်ခဲ့ခြင်းလည်းဖြစ်သည်။
“မနေ့ကဖုန်းဆက်ပြီး အမည်မဖော်လိုသူတစ်ဦးက သိန်း၅၀၀အများဆုံးပေးပြီး လေလံအောင်သွားခဲ့ပါတယ်။အခုလိုမျိုးပေးပြီး ဝယ်သွားတဲ့အတွက် သူ့ကိုအများကြီးကျေးဇူးတင်တယ်။ကျွန်တော်ပြိုင်ပွဲထက် ရေဘေးကပိုပြီးအရေးကြီတယ်။တချို့ရွာတွေတော်တော်ဒုက္ခရောက်နေတယ်။ရတဲ့အလှူငွေအားလုံးလက်ထဲ တစ်ကျပ်မှမထားထားဘူး။ အကုန် လိုအပ်တဲ့နေရာတွေ လှူပစ်မှာ။ပြိုင်ပွဲပြီးတာနဲ့ ရက်ဘယ်လောက်ကြာကြာ ကိုယ်တိုင်ကိုယ်ကျသွားလှူမှာပါ။ပြန်လည်ထူထောင်ရေးအတွက် အိမ်တွေပြန်ဆောက်ပေးမယ် တခြားလိုအပ်တဲ့ပစ္စည်းတွေလည်းလှူမယ်”ဟုထွန်းထွန်းထွန်းမင်းက ဆိုသည်။
ခါးပတ်လေလံပွဲအား ယနေ့ စက်တင် ဘာ(၂၀)ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံအတွင်း မီဒီယာနှင့် ပရိတ်သတ်များရှေ့မှောက်တွင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခု လေလံရရှိသော ငွေကြေးအား
တစ်ပြားတစ်ချပ်မကျန် ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းမည်ဟု ၎င်းက ပြောကြားထားပြီး စက်တင်ဘာ (၂၂)ရက်တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မြန်မာပြည်ချန်ပီယံ ခါးပါတ်စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသ-တ်ပြီးပါက ရေဘေးအလှူသွားရောက်မည်ဖြစ်ကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
