အက်တမ် (ATOM) သည် လတ်တလောတွင်ကြုံတွေ့ခံစားနေရသော မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများသို့ ပံ့ပိုးကူညီရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် မတည်ငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုလို လှူဒါန်းမှုနှင့်ပတ်သက်၍ အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “အခုလို ရေကြီးမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က များစွာစိတ်မကောင်းဖြစ်ရပြီး ပြည်သူများနဲ့အတူ တစ်သားတည်းရပ်တည်သွားမယ့်အပြင် လိုအပ်သလို ကူညီထောက်ပံ့မှုတွေပေးသွားဖို့လည်း ရည်မှန်းထားပါတယ်။ အက်တမ် (ATOM) ရဲ့ မြန်မာငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းမှုကနေတစ်ဆင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလိုခက်ခဲတဲ့အခြေအနေမှာ မြန်မာပြည်သူနဲ့အတူ ကျွန်တော်တို့ အက်တမ် (ATOM) က တစ်သားတည်း အမြဲအတူရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုသို့ ငွေကြေးလှူဒါန်းထောက်ပံ့မှုအပြင် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူများအတွက် ၇၈၈၇ Hotline ဖုန်းနံပါတ်ဖြင့် အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုရယူနိုင်ပြီး၊ ရေဘေးအတွက် အက်တမ် (ATOM) ဖုန်းဘေလ်ဖြင့် မိမိပါဝင်လှူဒါန်းလိုသည့်ပမာဏကို ၆၆၆၆ သို့ SMS စာတို ပေးပို့လှူဒါန်းနိုင်ကြောင်းနှင့် အသုံးပြုသူများလှူဒါန်းသည့်ပမာဏ၏ ဆတူထပ်ဆောင်းကာ အက်တမ် (ATOM) မှ ပါဝင်လှူဒါန်းမှုဖြင့် ထောက်ပံ့မှု ၂ဆ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကဏ္ဍနှင့်ပတ်သက်၍ အက်တမ် (ATOM) ၏ ကော်ပိုရိတ်ရေးရာ အမှုဆောင်အရာရှိချုပ် ဦးသိန်းဟုတ် မှ “ကျွန်တော်တို့အနေနဲ့ ရေကြီးမှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေ ရင်ဆိုင်နေရတဲ့ကြီးမားတဲ့စိန်ခေါ်မှုကို နားလည်သဘောပေါက်တာကြောင့် ဒီလိုအချိန်မှာ ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ ခိုင်မာစွာဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းမှုအပြင် ကျွန်တော်တို့ရဲ့ အသုံးပြုသူ Customer တွေကို လူမှုအသိုင်းအဝိုင်းတွေ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုမှာ ပါဝင်ပြီးကူညီပေးနိုင်ဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ လှူဒါန်းမှုတိုင်းက အကောင်းဆုံးသက်ရောက်မှုရှိလာနိုင်ပြီးတော့ အက်တမ် (ATOM) အနေနဲ့ အသုံးပြုသူ Customer တွေရဲ့ စာတိုပေးပို့လှူဒါန်းငွေတိုင်းရဲ့နောက်ထပ် တစ်ဆ ကိုလည်း ပေါင်းထည့်လှူဒါန်းပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အက်တမ် (ATOM) သည် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူများအတွက် မိနစ် (၅၀၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတို SMS (၅၀၀) အခမဲ့ ပေးပို့ခွင့်ကို၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်းကြေညာခဲ့ပြီးနောက် ယခုအခါ အခမဲ့ ဖုန်းခေါ်ဆိုခွင့် မိနစ် (၃၀၀) နှင့် အခမဲ့ စာတို SMS ပေးပို့ခွင့် (၃၀၀) ကို စက်တင်ဘာလ ၂၀ မှ ၂၂ အထိ (၃) ရက်တိုင် ထမ်မံ ပံ့ပိုးပေးခဲ့သည်။
အက်တမ် (ATOM) သည် ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်ကာ ယခုကဲ့သို့လူမှုအကျိုးပြုလုပ်ငန်းများစွာအတွက် စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ (မြန်မာငွေကျပ် လေး ဘီလီယံ) ကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
