တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် ယနေ့မွန်းလွဲပိုင်းမှစတင်၍ ဗီယက်နမ် ကွမ်ထရီပြည်နယ်မှ ကွမ်နမ်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် ယနေ့(စက်တင်ဘာ ၁၉ ရက် ) မွန်းလွဲပိုင်းမှစတင်၍ ဗီယက်နမ် ကွမ်ထရီပြည်နယ်မှ ကွမ်နမ်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်ဖြစ်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၉ ရက် နှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို အပူပိုင်းမုန် တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများတွင် အင်အားပြင်း တိုင်ဖွန်းရာဂိဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် နောက်ထပ်မုန်တိုင်းတစ်ခု ဝင်ရောက်လာ မည့်အရေးနှင့် ရင်ဆိုင်နေရသည်။
မုန်တိုင်းနံပါတ် ၄ အဖြစ် ဗီယက်နမ်တွင် လူသိများသည် ထိုမုန်တိုင်းသည် စက်တင် ဘာ ၁၉ ရက်မွန်းလွဲပိုင်းတွင် ကွမ်ထရီပြည် နယ်မှ ကွမ်နမ်ပြည်နယ်သို့ တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၂ ကီလိုမီတာ (၆၃ မိုင်) ဖြင့် ဝင်ရောက်လိမ့်မည်ဟု မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ထိုမုန်တိုင်းကြောင့် စက်တင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှ ည ၁၀ နာရီအတွင်း တောင်ဟွိုင်းလေဆိပ်ကို ပိတ်ထားရလိမ့်မည်ဖြစ်ကြောင်း ဗီယက်နမ်ပြည်သူ့လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ပြီးခဲ့သည့် သီတင်းနှစ် ပတ်အတွင်းက အင်အားပြင်းတိုင်ဖွန်းရာဂိ တိုက်ခတ်မှုကြောင့် လူ ၂၀၉ ဦးသေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁ ဒသမ ၆ ဘီလျံ ရှိခဲ့ သည်။
Ref; Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
