COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းကို ဆေးရုံကြီးများတွင်သာ ထိုးနှံ ပေးမည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးအတွက် ကာကွယ်ဆေး မည်မျှရမည်ကိုမသိရသေးကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
COVID-19 ကာကွယ်ဆေးမှာ အမျိုးအစားအသစ်ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများရှိပါက ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံကြီးများတွင်သာ ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကာ ဆေးထိုးလုပ်ငန်းဆောင်ရွက်သည့်အခါ ဆေးထိုးနှံပြီး နာရီဝက်ခန့်ကြာ စောင့်ကြည့်ခြင်းများနှ့င် ကုသမှုပေးနိုင်ရန်် သက်ဆိုင်ရာကျန်းမာရေးဝန်းထမ်းအဖွဲ့များ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
''အဲဒါက ဘယ်သူတွေကို ဘယ်လိုထိုးမလဲဆိုတာကိုတော့ အထက်ကနေညွှန်ကြားချက်တွေ ရောက်လာလို့ရှိရင်ထိုးပေးနိုင်ဖို့အတွက်ပဲ အဆင်သင့်ပြင်ထားပါတယ်။ ဆေးတွေရောက်လာရင်ဆေးတွေကိုထားဖို့ ပြင်ဆင်ထားပြီးပြီ။ ဆေးထိုးဖို့လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးထိုးပြီးစွန့်မယ်ပစ္စည်းတွေ စနစ်တကျစွန့်ပစ်ဖို့အတွက်တော့ အဆင်သင့်ဆောင်ရွက်ထားပြီးဖြစ်တယ်။ အဲတော့အထက်ကနေမှ ညွှန်ကြားချက်ရောက်လာတာနဲ့ချက်ချင်းဆောင်ရွက်မှာဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးမယ်လို့တော့သိရတယ်။ ဒါပေမယ့် ဘယ်နေ့မှာထိုးပေးမယ်။ ဘယ်နေ့မှာစကြမယ်။ ဘယ်လောက်ပို့မယ်ဆိုတာတွေကိုတော့ညွှန်ကြားချက်ရတာနဲ့ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုရောက်မယ့်ဆေးတွေက ဒီမှာရှိတဲ့သိုလှောင်ရုံက ရေခဲသေတ္တာထဲနဲ့ မြို့နယ်တွေမှာပေးထားတဲ့ ရေခဲသေတ္တာထဲမှာထားလို့ရမယ်။ကျန်းမာရေးဝန်ထမ်းတွေကိုစထိုးပေးမယ််ဆိုရင်လည်း ဆေးရုံမှာပဲထိုးပေးမယ်။ကာကွယ်ဆေးအသစ်ဖြစ်တဲ့အတွက်။ ကလေးတွေကိုကာကွယ်ဆေးထိုးသလို ရပ်ကွက်၊ ကျေးရွာတွေထဲအထိဆင်းထိုးတာတွေမလုပ်ပါဘူး။ ဆေးရုံအခြေပြုပဲထိုးပေးမယ်။ ဆေးရုံမှာ အခြေပြု ထိုးပေးခြင်းအားဖြင့် ဆေးထိုးပြီးလို့ရှိရင် နာရီဝက်စောင့်ကြည့်နေရလို့ရမယ့်နေရာတွေက်ိုလည်း စီစဉ်ထားပေးမှာပါ။ တစ်ခုခုဖြစ်လာရင် ချက်ချင်းလက်ငင်းကုသမှုပေးဖို့ရာအတွက် ဆေးအဖွဲ့တွေကိုလည်း ဖွဲ့စည်းဖို့ရုံးချုပ်ကနေညွှန်ကြားထားပြီးဖြစ်တယ်။ နယ်ဆေးရုံတွေဆိုရင် တိုက်နယ်ဆေးရုံတွေကို မပေးပါဘူး။ မြို့နယ်ဆေးရုံမှာပဲပေးမယ်။ ဒီမှာလည်း သက်ဆိုင်ရာဆရာဝန်တွေကသမားတော်တွေနဲ့ ဆေးထိုးပြီးတစ်ခုခုဖြစ်ရင်ကုသဖို့ရာအတွက် စီစဉ်ထားမယ်။ ဆေးထိုးမယ့်အပိုင်းတွေအတွက်လည်း သင်တန်းတွေစပါမယ်။ လာမယ့် ရုံးဖွင့်ရက်မှာစမှာပါ''ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကပြောသည်။
ကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ စာရင်းကောက်ယူကာ တင်ပြထားပြီးဖြစ်ပြီး သက်ဆိုင်ရာဆေးရုံများမှလည်း မိမိတို့ဆေးရုံများအလိုက် ကျန်းမာရေးဝန်ထမ်းစာရင်းများကို ဝန်ကြီးဌာနသို့ပေးပို့ဆောင်ရွက်မှုပြုလုပ်ထားရာ ဝန်ကြီးဌာနမှ ပြန်လည် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှပေးပို့သည့် ကာကွယ်ဆေး တစ်သန်းခွဲမှာ ဇန်နဝါရီ ၂၂ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိပြီးဖြစ်ကာ ဦးစားပေးအဆင့်အရသတ်မှတ်၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
