ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါ လာသော တရုတ်၊ ရုရှားနှင့် နီပေါနိုင်ငံမှ ပြန်လာသူများတွင် COVID-19ပိုး ထပ်မံတွေ့ရှိပြီး ၎င်းတို့ကို အသွားအလာကန့်သတ်ခြင်း တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၆၉၉ ခု စစ်ဆေး ခဲ့ရာ အတည်ပြုလူနာအသစ် ၄၂၅ ဦးရှိ ကြောင်းနှင့် ၎င်းင်းတို့အနက် တရုတ်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ရုရှားနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် နီပေါနိုင်ငံမှ ပြန်လာသူတစ်ဦး တွင် COVID-19ပိုး ထပ်မံတွေ့ရှိထားပြီး ၎င်းတို့ကို အသွားအလာကန့်သတ်ခြင်း တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရ သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကယ် ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန်နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၆၆ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူတစ်ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ဂျော်ဒန်နိုင်ငံမှ ပြန်လာသူ ကိုးဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူနှစ်ဦး၊ ကိုရီး ယားနိုင်ငံမှ ပြန်လာသူတစ်ဦး၊ မလေးရှား နိုင်ငံမှပြန်လာသူ ၅၇ ဦး၊ ယခု မလေးရှား နိုင်ငံမှ ပြန်လာသူ ၁၆ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန် လာသူတစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၁ ဦး၊ တရုတ်နိုင်ငံမှပြန်လာသူ နှစ်ဦး၊ ရုရှား နိုင်ငံမှပြန်လာသူ တစ်ဦးနှင့် နီပေါနိုင်ငံမှ ပြန်လာသူတစ်ဦးတို့တွင် COVID-19 ပိုး တွေ့ရှိထားပြီး ဖြစ်ရာ ဇန်နဝါရီ ၂၂ ရက်အ ထိ စုစုပေါင်း ပြည်ပပြန် ၁၇၀ တွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်းသိရ သည်။
မြန်မာနိုင်ငံ၌ COVID-19 ပိုးတွေ့ နှုန်း ကျလာသော်လည်း လူတစ်သန်းတွင် သေဆုံးသူ ၅၅ ဦးရှိနေပြီး သေဆုံးနှုန်း (CFR) မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိ သည့် အချက်အလက်အရ သိရသည်။
ဇန်နဝါရီ ၂၁ ရက်အထိ မြန်မာနိုင်ငံ တွင် COVID-19ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၂၂၁၂၁၄၅ ဦးရှိပြီး လူဦးရေ တစ်သန်းတွင် ရောဂါဖြစ်ပွားနှုန်း ၂၄၉၅ ဦး ရှိကြောင်းနှင့် သေဆုံးသူ၂၉၉၇ ဦးရှိပြီး လူဦးရေတစ်သန်းတွင် သေဆုံးမှုနှုန်း ၅၅ ဦး ရှိရာ ရောဂါဖြစ်ပွားသူ လူနာများအနက် သေဆုံးနှုန်း (CFR) ၂ ဒသမ ၂ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။
လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ပိုးတွေ့နှုန်း ငါးရာခိုင်နှုန်း အောက်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ပိုးတွေ့လူနာများအနက် သေဆုံးသူဦးရေမှာ ၁၀ ဦးမှ ၂၀ ဝန်းကျင်နေ့စဉ်ရှိနေကြောင်း သိရသည်။
COVID-19လူနာ လျော့ကျလာမှု ကြောင့် တပ်မတော်အပါအဝင် ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ခဲ့သည့် ကုသရေးဌာန အချို့ကို လျှော့ချထားပြီး လက်ရှိ ကုသရေး ဌာနအားလုံးတွင် လူနာ ၂၄၀၀ သာကျန်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။
“လက်ရှိ Positive လူနာအခြေအနေ ဆိုရင်တော့ အဓိကအားဖြင့် ကုသရေးစင်တာ ကိုးခုရှိတယ်။ အခုဆိုရင် အဓိကဆေးရုံ ကြီးနှစ်ရုံဖြစ်တဲ့ ဝေဘာဂီအထူးကုဆေးရုံနဲ့ တောင်ဥက္ကလာ ဆေးရုံကြီးတွေအပြင် အသစ်ဖွင့်ထားတဲ့ ကုသရေးစင်တာက ခုနစ် ခု ရှိပါတယ်။ ဒီနေရာမှာဆို လူနာက အား လုံး ၁၅၀၀ ဝန်းကျင်ဒီလောက်ပဲရှိတော့တာ ဖြစ်ပါတယ်။ တပ်မတော်ဘက်မှာဆိုရင် တော့ နှစ်နေရာပဲ ကျန်ပါတော့တယ်။ အရင် ကဆို ရှစ်နေရာလောက်အထိရှိပြီး ကုသခဲ့ တဲ့ အခြေအနေက အခု ဒီနှစ်နေရာမှာဆို ရင်တော့ အားလုံး ၃၇၀ ကျော်ပဲ ကျန်ပါတော့ တယ်။ ဒါကြောင့် ကုသရေးစင်တာတွေနဲ့ ခုန တပ်မတော်ဘက်မှာဆိုရင်တော့ ကျွန် တော်တို့အားလုံး လူနာက ၁၉၀၀ လောက်ပဲ ရှိတာပါ။ ကျန်တဲ့လူနာတွေနဲ့ဆိုရင်တော့ ဒီဘက်က ဆေးရုံတွေမှာလည်း လက်ခံကုသ နေတာရှိပါတယ်။ ဒါတွေအားလုံးပေါင်းရင် ၂၄၀၀ လောက်တော့ လက်ရှိအချိန်အထိ ဆေးရုံတွေပေါ်မှာ ရှိနေပါတယ်” ဟု ဒေါက်တာ ထွန်းမြင့်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးရှိ Facility Quarantine , Hotel Quarantine နှင့် Community Based Facility Quarantine နေရာများတွင် အသွားအလာကန့် သတ်ထားသူ သိသိသာသာ လျော့ကျသွား ပြီး လက်ရှိလူဦးရေ ၁၀၀၀ ကျော်သာ ကျန်ရှိ ကြောင်း ဒေါက်တာထွန်းမြင့်က ဆက်လက် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
