COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားသည့်ကန့်သတ်မှုများ ဖြေလျှော့မှုအခြေအနေအပေါ်မူတည်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲများ ကျင်းပသွားရန် စီစဉ်ထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ရတနာပြပွဲများ၊ မြန်မာကျပ်ငွေဖြင့်ရောင်း ချပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပုဂ္ဂလိက ကျောက်မျက်ရတနာပြပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များ၏ ခွင့်ပြုချက်၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပပြီးနောက်ပိုင်း COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေကြောင့် ရတနာပြပွဲများ ပြုလုပ်နိုင်ခြင်းမရှိသကဲ့သို့ ပြပွဲဗဟို ကော်မတီ အစည်းအဝေးများကိုလည်း ကျင်းပနိုင်ခြင်း မရှိခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားရှိသည့်ကန့် သတ်မှုများ ဖြေလျှော့မှုအခြေအနေများအပေါ် မူတည်ပြီး မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများကို ကျင်းပရန် လျာထားစီစဉ်ဆောင် ရွက်ထားရှိရာ ရတနာပြပွဲဆိုင်ရာလုပ်ငန်းများကို မှတ်တမ်းတင်အတည်ပြုနိုင်ရေးနှင့် ဆုံးဖြတ်ချက်များ ရယူနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲမှအပ ကျန်ပြပွဲအမျိုးမျိုးတွင် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေ ခွန် အခွန်သုံးမျိုးစလုံးပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ယခင်ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၂၀ ပြည့်နှစ်အတွင်းက ပြောကြားခဲ့သည်။
ပြည်တွင်း၌ ကျောက်မျက်ရတနာ ရောင်းချသူသည် ၂၀၁၉ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေနှင့်အညီ ပေး ဆောင်ရန် တာဝန်ရှိကြောင်း သိရသည်။
ရတနာခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းထည်များဖြစ်ပါက ၁၁ ရာခိုင်နှုန်း၊ စိန် နှင့် မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုး တန် ကျောက်မျက်ရတနာအရိုင်းထည်များ ဖြစ်ပါက ကိုးရာခိုင်နှုန်း၊ စိန်နှင့် မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာအချောထည် များ၊ စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက် ရတနာများ စွဲကပ်ထားသည့် လက်ဝတ်ရတ နာ အချောထည်များနှင့် ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းများဖြစ်ပါက ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
ကုန်သွယ်လုပ်ငန်းခွန်တွင် ရောင်းရငွေ၏ ငါးရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် ကြောင်းနှင့် ဝင်ငွေခွန်အနေဖြင့် တစ်ဦးချင်း ပုဂ္ဂိုလ်ဖြစ်ပါက ဇယားပါနှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက အ သားတင်အမြတ်၏ ၂၅ ရာခိုင်နှုန်း ပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများ၌ ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ အရိုင်းထည်၊ အချောထည်များရောင်းရငွေ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့်ပြုထားကြောင်း ယခင်ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားထားသည်။
ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏အခွန်အ ကောက်ဥပဒေအရသာ ကင်းလွတ်ခွင့်ပြု ထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံသား၊ နိုင်ငံခြားသားခွဲခြား၍ အခွန်ကင်းလွတ်ခွင့်ပြုထား ခြင်းမရှိကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပခြင်းမဟုတ်သော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်း ချသည့် ကျောက်မျက်ရတနာများရောင်းချမှု အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ် ခွင့်ပြုထားခြင်းမရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲမှအပ ဖြစ်သည့် ပြပွဲအမျိုးမျိုးတွင် ကျောက်မျက်ရ တနာများ ရောင်းချမှုအပေါ် အထက်ဖော် ပြပါ အခွန်အကောက်သုံးမျိုးစလုံးကို ပေးဆောင်ရန် တာဝန်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းလင်းအသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
