Top News

သန္တာကျောက်တန်းများ တွေ့ရှိလာသည့် မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအား လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စီစဉ်
24htopnews | September 20, 2024 7:12 PM CST

သန္တာကျောက်တန်းများ တွေ့ရှိလာသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအား လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှသိရှိရသည်။

အဆိုပါပြင်ကောက်ကျေးရွာအနီး ကမ်းခြေတွင် သန္တာကျောက်တန်းများစွာ ပေါ်ထွက်လာသည်ကို ယမန်နှစ်ကတည်းက စတင်တွေ့ရှိခဲ့ရပြီး ဒေသခံများ စိတ်ဝင်စားမှုများပြားလာခဲ့သည့်အပြင် ပြည်တွင်းပြည် ပခရီးသွားများလည်း စိတ်ဝင်တစားလာ ရောက်ကြည့်ရှုလေ့လာနိုင်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

“အဲဒီပြင်ကောက်ကျေးရွာဘက်ကို လူထုအခြေပြုခရီးသွားလုပ်ငန်းအဖြစ် လုပ် ဆောင်သွားဖို့ စီစဉ်နေကြပါတယ်။ သန္တာ ကျောက်တန်းတွေ တွေ့ရှိလာရတဲ့အတွက် အဲဒီသန္တာကျောက်တန်းကို အဓိကထားပြီး လုပ်ဆောင်သွားမှာ။ သန္တာကျောက်တန်းက နှစ်ဖာလုံလောက် ရှိမယ်ထင်တယ်။ ဒါ ကြောင့်ထိန်းသိမ်းနိုင်ဖို့ လူထုကိုလည်း အဲဒီ အသိတွေဖြစ်လာအောင် ပျံ့နှံ စေချင်တဲ့သ ဘောနဲ့ မာန်အောင်အများပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီး သွားညွှန် ကြားမှု ဦးစီးဌာနမှူး (ယခင်)က ထည့်သွင်း ပြောကြားသည်။

အဆိုပါဒေသတွင်း လာရောက်လည်ပတ်သော ခရီးသွားများနေထိုင်ရန်အတွက်လည်း အဆောက်အဦများ ဆောက်လုပ်နေသည့်အပြင် ရိုးရာအနုပညာများဖြင့်လည်း ခရီးသည်များကိုဖြေဖျော်နိုင်ရန် ဆောင်ရွက် နေကြောင်း သိရှိရသည်။

မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဌ ဦးကျော်လှိုင်က “မာန်အောင်ကျွန်းကို သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းဆိုပြီး Master Plan နဲ့ လုပ်ဆောင်နေတာရှိတယ်။ အဆင့်မြင့် ဟိုတယ်တွေလည်း ဆောက်လုပ်နေတယ်။ လက်ရှိက သုံးနေရာမှာ အဆောက်အဦတွေ ဆောက်လုပ်နေတယ်။ မကြာခင်ပြီးစီးတော့မှာဖြစ်တယ်။ နောက်ပြီး ပြင်ကောက်ဘက်မှာလည်း ခရီး သွားတွေ လာရောက်တည်းခိုနိုင်အောင်စီ စဉ် ထားတယ်။ အဲဒီဘက်မှာ ဒေသခံတွေက ရိုးရာလက်မှုအနုပညာတွေနဲ့ ဖြေဖျော်နိုင် အောင်လည်း စီစဉ်ထားကြတယ်။ လေယာဉ် ကွင်းအနီးမှာလည်း ယခင်ဟိုတယ်ကို အ ဆင့်မြှင့်လုပ်ဆောင်ထားတယ်။ နောက်ပြီး ခရီးသည်တွေလာရောက်နိုင်ဖို့ တစ်ပတ်ကို နှစ်ရက် လေယာဉ်ခရီးစဉ်ရှိတယ်။ လိုအပ် ရင်တော့ တစ်ပတ်ကို ငါးရက်လောက် တိုးချဲ့ ပြေးဆွဲသွားဖို့အစီအစဉ်လည်းရှိပါတယ်” ဟု ပြောကြားသည်။

အလားတူ မာန်အောင်မြို့နယ် အတွင်း သို့ ခရီးသွားများလာရောက်ကြမည်ဆိုပါက ဒေသခံများအတွက်လည်း ခရီးသွားလုပ်ငန်း နှင့်ဆက်နွယ်ပြီး ဝင်ငွေများရရှိလာမည်ဖြစ် ကြောင်းနှင့် မြို့မှာလည်း ပိုမိုစည်ကားလာ မည်ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

မာန်အောင်ကျွန်းသည် ရေပတ်လည် ဝိုင်းရံထားသော ပင်လယ်ပြင်အတွင်းက ကျွန်းမြို့တစ်ခုဖြစ်ကာ ရေလမ်းခရီးသဖြင့် သာ အခြားမြို့များသို့ဆက်သွယ်သွားလာရကြောင်း၊ ယင်းအတွက် ခရီးသွားလုပ်ငန်းတွင် စက်လှေများကိုလည်း အသုံးပြုလာနိုင်ဖွယ်ရှိကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

 


READ NEXT
Cancel OK