COVID-19 ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးပညာနှီးနွယ် တက္ကသိုလ်ခုနစ်ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် ဆေးပညာ နှီးနွယ်တက္ကသိုလ်ခုနစ်ခု၏ နောက်ဆုံးနှစ် (၁/၂၀၂၀) ပုံမှန်သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် သင်ကြားရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲသည် COVID-19 ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးပညာ နှီးနွယ်တက္ကသိုလ် ခုနစ်ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးသော အရေးကြီးသည့် ညှိနှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများအနေဖြင့် တက္ကသိုလ်တစ်ခုနှင့် တစ်ခုအကြားတွင်လည်းကောင်း၊ သာသာရပ်တူ ဌာနအချင်းချင်းတွင်လည်းကောင်း ချိတ်ဆက်မှုများ၊ အပြန်အလှန်ပံ့ပိုးမှုများဖြင့် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ကောင်းများ မွေးထုတ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ သူနာပြုတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့ရှိ ဆရာဆရာမများအနေဖြင့် အင်တာနက်ကွန်ရက်အသုံးပြုကာ ဆွေးနွေးမှုများကို နှစ်လလျှင် တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပြီး အတွေ့အကြုံများ မျှဝေစေလိုကြောင်း၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များတွင် အသုံးပြုလျက်ရှိသော သင်ကြားမှုနည်းစနစ်များ၊ သင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်မှုနည်းစနစ်များကို လေ့လာသုံးသပ်ပြီး ဝန်ကြီးဌာနရှိ တက္ကသိုလ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ဖြစ်နိုင်ပါက မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းပုံစံဖြင့် ဆောင်ရွက်စေလိုကြောင်းနှင့် ပညာရပ်အလိုက် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ယခုထက် ပိုမိုအရှိန်မြှင့်ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
COVID-19 သည် ဆက်လက်ရှိနေဦးမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် ၁၆ ခုတွင် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို ပိုမိုအသုံးချကာ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာသုံး သင်ကြားသင်ယူမှု၊ အတန်းတွင်းလေ့ကျင့်ခန်းများ ပြုလုပ်မှုနှင့် စာမေးပွဲစစ်ဆေးမှုများ စသည်ဖြင့် သင်ကြားသင်ယူမှု လုပ်ငန်းဘက်စုံအတွက် စနစ်တစ်ရပ်ပေါ်ပေါက်လာစေရေး တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာဆရာမများနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးဆောင်ရွက်စေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
