မွန်ပြည်နယ် လွှတ်တော်ရုံးတွင် ဇန်နဝါ ရီ ၂၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားသို့ NLD ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် မိတ်ဆက်အခမ်းအနား ဆောင်ရွက်ရန်အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များကို နှုတ်ဖြင့်လည်း အကြောင်းကြားခဲ့သည့်အပြင်၊ ဖိတ်ကြားစာဖြင့်လည်း ဖိတ်ကြားခဲ့ပါကြောင်း၊ တတိယအကြိမ် မွန်လွှတ်တော်၌ ရွေးကောက်ခံ ကိုယ်စားလှယ်များ အနေဖြင့် NlD ပါတီနှင့် မွန်ညီညွတ်ရေး ပါတီ နှစ်ခုတည်းသာ ရှိကြောင်း၊ NLD ပါတီနှင့် ပတ်သက်ပြီး ဖိတ်ကြားရေးနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၏ အချက်အလက် တောင်းယူခြင်းများအား မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်ကို ဆောင်ရွက်ပေးရန် ညှိနှိုင်းပြောဆို ထားပါကြောင်း၊ မွန်ညီညွတ်ရေးပါတီနှင့် ပတ်သက်ပြီး ဖိတ်ကြားခြင်းနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အချက်အလက်များ ရယူခြင်းနှင့် ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးကို ညှိနှိုင်းထားပါကြောင်း၊ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားအား တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းမှာ ဖိတ်ကြားခံရသူ အပေါ်မှာဘဲ မူတည်ကြောင်းနှင့် လွှတ်တော်အနေဖြင့် ဖိတ်ကြားခြင်းလုပ်ငန်း ပြီးမြောက်ခဲ့ပါကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။
“ကျွန်မအနေနဲ့ ကျွန်မတို့ NLD ပါတီက လူတွေအတော်များများ မတက်ကြတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့က တတိယအကြိမ် လွှတ်တော်အစည်းအဝေးရဲ့ ပထမနေ့မှာဆိုရင် ကျွန်မအနေနဲ့က ဒုတိယအကြိမ် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဆောင်ရွက်ပေးလို့မရဘူး။ အဲဒီလွှတ်တော် ပထမနေ့မှာဆိုရင် ကိုယ်စားလှယ်များ စိစစ်တာကအစ မွန်ပြည်နယ်နဲ့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွေ၊ ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့၊ လ.၀.က စ သည်ဖြင့်ပါဝင်မှ ကော်မတီများ စိစစ်ရေး ကော်မတီဆိုပြီး ဆောင်ရွက်ရတာပါ။ အဲဒီလွှတ်တော် ပထမနေ့မှာ အဆင်ပြေ ချောမွေ့စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ရော၊ လွှတ်တော် ဒုဥက္ကဋ္ဌရော၊ လွှတ်တော်က အရာထမ်း၊ အမှုထမ်းတွေရောက ကြိုးကြိုးစားစားနဲ့ ဆောင်ရွယ်တယ်။ Video Clip တွေလည်း ပြတယ်ပေါ့နော်။ အဲဒီလို ဝန်ထမ်းတွေက အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး လုပ်ဆောင် ပေးခဲ့ကြတယ်” ဟု ပြောကြားသည်။
“ကျွန်မတို့ စေတနာထားပြီးတော့ ဒီလို ဆောင်ရွက်ထားတာတွေ၊ နောက် လွှတ်တော် ကော်မတီတွေကနေ ငါးနှစ်စာ အစီရင်ခံစာတွေကို အချိန်ယူပြီးတော့ ဖတ်ကြားပြတာ တွေကလည်း လွှတ်တော်ကိုယ်စားလှယ် အသစ်တွေအနေနဲ့ လိုက်နာမယ်။ လိုအပ်သလို ကျင့်သုံးမယ်ဆိုရင် သူတို့အတွက် အများကြီး အကျိုးရှိပါတယ်။ သူတို့အတွက် အကျိုးရှိစေ ဖို့ပထမနေ့မှာဘဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ပေါ်ပေါက်လာဖို့ အရေးကြီးပါတယ်။ အဆင်ပြေ ချောမွေ့စွာ ဖြစ်စေရေးအတွက်က ကျွန်မတို့ ဒီလိုနေ့မှာ ဒီပွဲလေးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်မတို့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ မတက်ရောက်တဲ့ အတွက်ကို စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်” ဟု ဒေါ်တင်အိက ဆက်လက် ပြောကြားသည်။
အဆိုပါ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မိတ်ဆက်ပေးခြင်း၊ လွှတ်တော်ရေးရာ ကော်မတီ အသီးသီးမှ ကော်မတီ၏ ငါးနှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များ အစီရင်ခံစာ (အနှစ်ချုပ်) တင်ပြခြင်း၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းဆောင်ရွက်ချက်များ (အနှစ်ချုပ်) တင်ပြခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်ကိုယ်စားလှယ်လောင်းများမှ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး (ပထမနေ့) ကျင်းပပုံ အကြိုသရုပ်ပြ လေ့ကျင့်မှု Video အား ပြသခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားသို့ မတက်ရောက်ဖြစ်ခြင်းနှင့် ပတ်သက်ပြီး ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်ဆောင်က “ကျွန်တော်တို့ ဖေဖေါ်ဝါရီ ၉ ရက်ကျရင် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ခေါ်ယူဖို့ ရှိပါတယ်။ အဲဒီလွှတ်တော် အစည်းအဝေးက အင်မတန်ကို အရေးကြီးတဲ့ လွှတ်တော်အစည်းအဝေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ရွေးရမှာပါ။ အဲဒီတော့ ဖေဖော်ဝါရီ ၉ ရက်မှာ လုပ်မယ့် အစည်းအဝေးကို တက်နိုင်ဖို့အတွက်ကို ကိုယ့်ကိုကိုယ် မွေးရမယ်။ ကျန်းမာရေးကောင်းမှ တက်နိုင်မယ်။ အဲဒီတော့ ဒီလိုအချိန်အခါမျိုးမှာ အိမ်ထဲမှာဘဲနေပြီးတော့ မလိုအပ်ဘဲနဲ့ အပြင်မထွက်တာ အကောင်းဆုံးပါဘဲ။ ဒါမှလည်း ကျန်းမာရေးကောင်းပြီးတော့ လွှတ်တော်အစည်းအဝေးကို တက်နိုင်မှာပါ။ ဖေဖော်ဝါရီ ၉ ရက်မှာ ကျင်းပမယ့် အရေးကြီးတဲ့ လွှတ်တော်ကို တက်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားနှင့် ပတ်သက်ပြီး လက်ရှိပြည်နယ်မှ ဖိတ်ကြားမှုရှိခဲ့ကြောင်း၊ ကိုယ်စားလှယ်အများစုမှာ နယ်ရောက်နေကြကြောင်း ဒေါက်တာခင်ဆောင်က ဆက်လက်ပြောကြားသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၇ ဦးရှိသည့်အနက်မှ ငါးဦး၊ မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ် ခြောက်ဦးလုံး တက်ရောက်ခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးအနက်မှ ခြောက်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
