အရှေ့တောင်အာရှတွင် တိုင်ဖွန်းမုန် တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုအန္တရာယ်များကို ကလေးသူငယ် ၆ သန်းနီးပါး ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာအေဂျင်စီ UNICEF က စက်တင်ဘာ ၁၈ ရက်တွင် ပြော ကြားခဲ့ပြီး ထိုသဘာဝဘေးများကြောင့် သေဆုံးသူအရေအတွက်မှာ ပိုမိုမြင့်တက်လာခဲ့သည်။
လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အရှေ့တောင်အာရှဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းရာဂိကြောင့် ဗီယက်နမ်၊ ထိုင်း၊လာအိုနှင့် မြန်မာနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် ထိုင်း၌ တိုင်ဖွန်းရာဂိနှင့်ဆက်နွှယ်သည့် သေဆုံးသူ သုံးဦးရှိခဲ့သဖြင့် တိုင်ဖွန်းရာဂိကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ ဦးအထိရှိလာခဲ့ကာ ဒေသတွင်းအသေ၊အပျောက်စာရင်း ၅၃၇ ဦးအထိ ရှိလာခဲ့သည်။
ထို့ပြင် ရာဂိမုန်တိုင်းကြောင့် ကလေးသူငယ်ခြောက်သန်းခန့် ဘေးဒုက္ခခံစားခဲ့ရပြီး သန့်ရှင်းသည့် သောက်သုံးရေ၊ ပညာကြားသင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနှင့် ခိုလုံနေထိုင်စရာနေရာများ ရှားပါးပြတ်လပ်နေကြောင်း UNICEF က ထုတ်ပြန်ခဲ့သည်။
“တိုင်ဖွန်းရာဂီကြောင့် ထိခိုက်ပျက်စီးမှုတွေရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်အား အနည်းဆုံးကလေးတွေနဲ့ မိသားစုတွေက အခံစားရဆုံးဖြစ်ပါတယ်”ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန် ကြားရေးမှူး ဂျွန်ကူနူဂီက ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် သန့်ရှင်းသည့် သောက်သုံးရေပြတ်လပ်နေပြီးနှင့် မိလ္လာစနစ်များ ထိခိုက်မှုကြောင့် လူပေါင်း သုံးသန်းခန့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု UNICEF က ပြောကြားခဲ့သည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ သုံးနှစ်ကျော်ကြာဖြစ်ပွားနေမှုကြောင့် အကျပ်အတည်းများနှင့် ရုန်းကန်နေရသည့် မြန်မာနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၄၀၀၀၀၀ နီးပါးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
ရာဂိမုန်တိုင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး ယခင်ကတည်းက လျစ်လျူရှုခံထားရသည့် လူအုပ်စုများကို ပိုမိုဆိုးရွားသည့် အကျပ်အတည်းအတွင်းသို့ ကျဆင်းစေခဲ့သည်ဟု UNICEF ကပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)ကလည်း ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပြီး လူပေါင်း ငါးသိန်းကျော်အတွက် တစ်လစာ အရေးပေါ်စားနပ်ရိက္ခာများ ပေးပို့လျက်ရှိသည်။
လူသားများ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သမုဒ္ဒရာများ ပူနွေးလာမှုသည် ရာဂိတိုင်ဖွန်းမုန်တိုင်းကဲ့သို့ ပြင်းထန်မိုးလေဝသအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကာ မကြာခဏဖြစ်ပွားစေကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
အရှေ့အာရှနှင့် ပစိိတ်ဒေသတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ကလေးသူငယ်များ ပိုမိုထိခိုက်ခံစားနေရကြောင်း UNICEF က ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
