ဘာလ်တီမိုးတံတားကို ပျက်စီးသွားစေခဲ့သည့် ကုန်တင်သင်္ဘော၏ စင်ကာပူပိုင်ရှင် နှင့်သင်္ဘောကိုလုပ်ကိုင်နေသောကုမ္ပဏီတို့ ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ရရှိရန် အမေရိကန်တရားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် တရားစွဲလိုက်သည်ဟု သိရသည်။ မီတာ ၃၀၀ ရှည်သော M/V Dali သည် မတ် ၂၆ ရက်တွင် ဖရန်ဆစ် စကော့ကီးတံတားကို ဝင်တိုက်ခဲ့သောကြောင့် လမ်းပြင်လုပ်သား ခြောက်ဦးသေဆုံးခဲ့ရပြီး အသွားအလာများပြားသော ရေလမ်းကြောင်းသည် ပိတ်ဆို့သွားခဲ့သည်။
Grace Ocean Private and Synergy Marine Private ကုမ္ပဏီတို့ကို တရားမမှုဖြင့် တရားစွဲခြင်းအား မယ်ရီလန်းခရိုင်အတွက် အမေရိကန်ခရိုင် တရားရုံးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။“တရားရေးဝန်ကြီးဌာနဟာ ဖရန်ဆစ်စကော့ ကီးတံတားပျက်ဆီးမှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဆောင်ရွက်နေပါတယ်”ဟု ရှေ့နေချုပ် မာရစ်ဂါလန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“ဒီတရားမကြောင်းအရ တောင်းဆိုမှုနဲ့အတူ တရားရေးဝန်ကြီးဌာနဟာ ရေလမ်းကြောင်း ရှင်းလင်းတာတွေလုပ် လို့ ကုန်ကျခဲ့တဲ့စရိတ်တွေနဲ့ဘာလ်တီမိုး ဆိပ်ကမ်းပြန်ဖွင့်ရတဲ့ ကုန်ကျစရိတ်တို့ကို အခွန်ထမ်းအမေရိကန်ပြည်သူတွေကကျခံရမှာမဟုတ်ဘဲ တံတားပြိုကျမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ကုမ္ပဏီတွေကျခံရမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
