Top News

ဖားကန့်မြို့နယ် လုံးခင်းတိုက်နယ်ဆေးရုံတွင် COVID-19 အတည်ပြု အမျိုသားတစ်ဦး သေဆုံး
24htopnews | September 20, 2024 7:12 PM CST

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းတိုက်နယ်ဆေးရုံတွင် အသက် (၈၃) နှစ်အရွယ်ရှိ လုံးခင်းကျေးရွာ ရပ်ကွက် (၄) မှ COVID-19 အတည်ပြုလူနာ အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက် ၁ နာရီခွဲအချိန်တွင် သေဆုံးခဲ့ကြောင်း လုံးခင်းတိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာကျော်မျိုးထွန်းမှ Eleven Media Group သို့ ပြောကြားသည်။

“အသက်က ၈၃ နှစ်ရှိပါပြီ။ ဒီမနက် ၁ နာရီခွဲမှာပဲ ဆုံးသွားတာပါ။ သွေးတိုးနဲ့ တခြား ဆေးလိပ်သောက်လို့ဖြစ်တဲ့ အဆုပ်ခံရောဂါတွေ ရှိပါတယ် ။ ၂၂ ရက်က ဆေးရုံကို အမောဖောက်ပြီး အောက်စီဂျင်ကျလို့ အပြင်ဆေးခန်းကနေ ရောက်လာတာပါ ။ ဒီရောက်မှ ဆေးစစ်တော့ COVID ဖြစ်နေတာ တွေ့ရပါတယ် ။ သူနေတဲ့ လုံးခင်းရပ်ကွက် (၄) ဆိုတာလည်း အဖြစ်အများဆုံးလေ” ဟု လုံးခင်းတိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာကျော်မျိုးထွန်းမှ ပြောကြားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း အဆိုပါ လုံးခင်းကျေးရွာမှ အသက် ၇၅ နှစ်အရွယ်ရှိ Quarantine ဝင်နေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းအား စမ်းသပ်စစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ ဖားကန့်မြို့နယ်တွင်း COVID-19 ရောဂါပိုး တစ်လခန့် ကင်းစင်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက်မှာ အဆိုပါ လုံးခင်းကျေးရွာတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးမှ အနံ့ပျောက်ခဲ့မှု စတင်ဖြစ်ခဲ့ပြီး RDT Test Kit ဖြင့် စစ်ဆေးခဲ့ပြီးနောက် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရာမှစ၍ ဖားကန့်မြို့နယ်တွင် တကျော့ပြန် COVID-19 ရောဂါ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၄ ရက်အထိ ဖားကန့်မြို့နယ်တွင် COVID-19 အတည်ပြုလူနာပေါင်း ၅၃၁ ယောက်အထိ ရှိနေပြီး သီတဂူစက္ခုဒါနဆေးရုံနှင့် ဖားကန့်မြို့နယ် အိုးအိမ်စီမံကိန်းအိမ်ရာ တိုက်တန်းတို့တွင် အတည်ပြုလူနာများ ထားလျက်ရှိပြီး ဆေးကုသမှုပေးနေလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက် ဖားကန့်မြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးမှုအရ COVID-19 အတည်ပြုလူနာပေါင်း ၁၅ ဦး ထပ်မံတိုးခဲ့ပြီး အဆိုပါ တိုးပွားလူနာ ၁၅ ဦးထဲတွင် လုံးခင်းကျေးရွာ တရားမဝင်အနှိပ်ခန်း၌ အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး သုံးဦး ပါရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ဖားကန့်မြို့နယ်တွင်း COVID-19 ရောဂါပိုး အရှိန်ဟုန်မြင့်ဖြစ်ပွားနေလျက် ရှိတာကြောင့် ဖားကန့်မြို့နယ် စည်ပင်သာယာရေးစျေးကို ခေတ္တယာယီ ပိတ်ထားသော်လည်း တခြားပြင်ပမှ ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်သူများအား စည်းကမ်းကြပ်မတ်မှု ၊ ကျန်းမာရေးစစ်ဆေးမှုများ အားနည်းနေလျက်ရှိပြီး ဖားကန့်မြို့နယ်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် ယနေ့အထိ သတ်မှတ် ထားသော်လည်း မြို့နယ်အတွင်း လက်ဖက်ရည်းဆိုင်များ ၊ ကုန်စုံဆိုင်များ ဖွင့်လှစ်မှုအပြင် အနှိပ်ခန်းများ ၊ KTV ကာရာအိုကေဆိုင်များပါ ဖွင့်လှစ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။


READ NEXT
Cancel OK