မြန်မာ-တရုတ် စီးပွားရေးစင်္ကြံလမ်းသည် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အတွက် ကုန်သွယ်မှု လွယ်ကူမည့် အခြေခံအဆောက်အအုံနှင့် အစီအမံများ ဖြစ်လာမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးစဉ် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
RCEP အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်းတစ်လျှောက်တွင် နှစ်နိုင်ငံဘက်မှ များပြားလှသော ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်ကြောင်း၊ အဆိုပါ စီးပွားရေးစင်္ကြံလမ်းသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) အတွက် ကုန်သွယ်မှုလွယ်ကူမည့် အခြေခံအဆောက်အအုံနှင့် အစီအမံများ ဖြစ်လာမည်ဖြစ်ကြောင်း၊ Guizhou ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဖိတ်ခေါ်ကြောင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
အဆိုပါနှီးနှောဖလှယ်ပွဲသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရှိ Guizhou ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် ရည်ရွယ်ထားပြီး RCEP ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံမှ စီးပွားရေးသံမှူးများ၊ စီးပွားရေးကောင်စီများနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများထဲတွင် ပါဝင်နေပြီး တရုတ်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းတွင် စီးပွားရေးအရ အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အဆိုပါစီးပွားရေးစင်္ကြံလမ်းသည် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည် ဖြစ်သည်။
ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှရရှိမည့် အထူးအခွင့်အရေးများ၊ နိုင်ငံအလိုက်အ ကောက်ခွန် ဖြေလျှော့မှုဆိုင်ရာ ဆောင်ရွက်မှုနှင့် စာချုပ်အကောင်အထည်ဖော်ရေး အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ သိရသည်။
RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်း ဘက်စုံစီးပွားရေးပူး ပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူ စာချုပ်တစ်ခုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
RCEP သည် ကမ္ဘာ့လူဦးရေ၏ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
