Top News

ကမာအောင်ချောင်း စက်တပ်ရေယာဉ်အဖွဲ့ပိုင် ၁၁ နှစ်ကြာငွေစာရင်းများ စစ်ပေးရန်ဟုဆိုကာ အဖွဲ့ဝင်အသင်းသားအချို့ ဆန္ဒထုတ်ဖော်
24htopnews | September 20, 2024 7:12 PM CST

ကမာအောင်ချောင်း စက်တပ်ရေယာဉ် အဖွဲ့ပိုင် ၁၁ နှစ်ကြာငွေစာရင်းများ စစ်ပေးရန်ဟုဆိုကာ အဖွဲ့ဝင်အသင်းသားအချို့ ဇန်နဝါရီ ၂၃ရက် နံနက် ၁၀ နာရီတွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်မှုကို ကမာအောင်စက် တပ်ရေယာဉ်အသင်းမှ အဖွဲ့ဝင်ငါးဦးက ပြု လုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြစ်အတွင်း Sergical ဝတ်စုံများ ဝတ်ဆင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

‘ကမာအောင်ချောင်း စက်တပ်ရေယာဉ် အဖွဲ့ပိုင် ၁၁ နှစ်ကြာ ငွေစာရင်းများစစ်ပေး’၊ ‘တာဝန်ယူမှု တာဝန်ခံမှုမရှိသောလူများ ဖယ် ရှားပေး’၊ ‘တရားဥပဒေစိုးမိုးရေးတရားရေး မဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေး’၊အဂတိလိုက် စားသော ပုဂ္ဂိုလ်ကြီးအား အမြန်ဆုံး အရေးယူ ပေး’စသည့် ဆိုင်းဘုတ်များကိုင် ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

အသင်းမှ တာဝန်ရှိသူများက ၁၁ နှစ် ကြာ ငွေစာရင်းရှင်းတမ်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးခြင်းမရှိသည့်အပြင် COVID-19 ကာလတွင် အသင်းသားများ အား ထောက်ပံ့ပေးခြင်းများမရှိကြောင်း ဆန္ဒ ဖော်ထုတ်သူများ၏ ပြောကြားသည်။

‘‘၁၁ နှစ်ကြာနေပြီဖြစ်တဲ့ ငွေကြေးရှင်း တမ်းတွေကို ရှင်းလင်းပေးဖို့ အဖွဲ့အစည်း ပေါင်းစုံရှေ့မှာ တင်ပြတောင်းဆိုခဲ့ပေမဲ့  ကမာ အောင်စက်တပ်ရေယာဉ် ဥက္ကဋ္ဌကြီးနဲ့ တကွ မြို့နယ် စက်တပ်ရေယာဉ်ဥက္ကဋ္ဌတွေက ရှင်း လင်းပေးခဲ့ခြင်းမရှိပါဘူး။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ပါတယ်။ အုပ် ချုပ်ရေးမှူးကလည်း တာဝန်ယူပြီးတော့ ဖြေ ရှင်းပေးခြင်းမရှိခဲ့ပါဘူး။ အဲဒါကြောင့် ၂၃.၅. ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ အဂတိတိုက်ဖျက် ရေးကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်မှာ မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ထံကို အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားစာပေးပို့ခဲ့ပါတယ်။ ရက်ပေါင်း ၆၀ အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဒီအရေးယူဆောင်ရွက်မှုကို အစီရင်ခံဖို့ အကြောင်းကြား စာပါလာခဲ့ပါ တယ်။ အဲဒီအချိန်မှာ ဒီတိုင်ကြားမှုကို စစ်ဆေး ဖို့အတွက် ရေကြောင်းပို့ဆောင် ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် တိုင်းဦးစီးရုံးမှာ ဦးစိုးမြင့်ကနေ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ပါ တယ်။ အဲဒီအချိန်မှာ ငွေစာရင်းရှင်းတမ်းတွေ ကို အသင်းသားတွေ သိသာမြင်သာအောင် ရှင်းလင်းခြင်းမရှိခဲ့တဲ့အတွက် တောင်းဆိုခဲ့ပါ တယ်။ နောက်နေ့မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေပြီးတော့ တိုင်းထွေအုပ်ပါ တယ်။ သမဦးစီးမှူးပါတယ်။ ဥပဒေအကြံပေး တွေပါတယ်။ ခေါ်ပြီးတော့ တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ ၁၁ နှစ်ကြာ ငွေစာရင်းရှင်းတမ်းတွေ ကို အသင်းသားတွေ သိသာမြင်သာအောင် ရှင်းလင်းခြင်းမရှိခဲ့တဲ့အတွက် တောင်းဆိုခဲ့ပါ တယ်’’ဟု ဦးဆောင်သူ ဦးချစ်ကိုကိုက ပြော ကြားသည်။

ဆန္ဒဖော်ထုတ်မှုအတွက် သက်ဆိုင်ရာ ရဲစခန်းတွင် ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက် တင်ထားပြီး COVID-19 ရောဂါ လမ်းညွှန်  ချက်များနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမာအောင်ချောင်း စက်တပ်ရေ ယာဉ်များမှာ ရန်ကုန်မှ ဒလသို့ပြေးဆွဲနေခြင်း ဖြစ်ပြီး အသင်းသား ၁၈၀ ခန့်ရှိကြောင်း သိရ သည်။                               


READ NEXT
Cancel OK