မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် ကံဦး အမှတ်(၃)နယ်မြေအတွင်း တည်ထား ကိုးကွယ်ထားသည့် ဆုတောင်းပြည့်စေတီ တော်မှ ဂြိုလ်ပြေ၊ နာမ်ပြေ၊ ရုပ်ပွားတော် ကျောက်ဆင်းတုတော်နှစ်ဆူအား ဦးခေါင်း ရိုက်ချိုးဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း ဘုရား အကျိုးတော်ဆောင်အဖွဲ့မှ သိရှိရသည်။
“ သန့်ရှင်းရေးလုပ်တဲ့ ချာတိတ်တစ်ယောက်က တွေ့တာနဲ့ ဆုတောင်းပြည့်အကျိုးတော်ဆောင် ဦးစိုးနိုင်ကို လှမ်းပြောတယ်။ဦးစိုးနိုင်က ကျွန်တော့်ကို အကြောင်းကြားတာနဲ့ ကျွန်တော်တို့ လာကြည့်တာ။ စတွေ့တာက ခန့်မှန်းခြေဒီနေ့မနက် (ဇန်နဝါရီ ၂၃ ရက်) ၁၀ နာရီဝန်းကျင်လောက်က တွေ့ တာ။ ဒီမှာဘာတွေ့လဲဆိုတော့ ဒီဆုတောင်း ပြည့်ဘုရားဝန်းထဲမှာ စေတီမှာကိန်းဝပ်စံ ပယ်တာ။ ကျောက်ဆင်းတုတော်ရှစ်ဆူရှိတာမှာ နှစ်ဆူကို ခေါင်းဖြတ်သွားတာတွေ့ရတယ်။ထောင့်က အရှေ့ဘက်ထောင့်၊ မြောက်ဘက်ထောင့် နေ့နာမ်ဘုရားတွေ၊ကျောက်ဆင်းတု တော် ဦးခေါင်းတွေကို ဖြတ်ချိုးပြီး ဘေးချခဲ့တာ။ ကျောက်ဆင်းတုတော်တွေရဲ့ ဉာဏ်တော်က တစ်ပေခွဲတော့မကဘူး။ ပလ္လင် အပါအဝင် ဉာဏ်တော်နှစ်ပေနီးပါးရှိတယ်၊ ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲဆိုတာ ပြောရတာတော့ ခက်တယ်။ ဘေးကိုစုံစမ်းကြည့်တော့ ဘုရားရင်ပြင်မှာ တချို့ကလေးတွေ ခြင်းလာခတ်တာ၊ ဘောလုံးကန်တာတို့ရှိ တော့ အကျိုးတော်ဆောင်ကတော့ ပြောရ တယ်။ အကျိုးတော်ဆောင်က ဆော့နေတဲ့ ကလေးတွေကို ပြောတာမှာ ကောင်းကောင်း မွန်မွန်နဲ့ရင်ပြင်တော်ပေါ်မှာ မဆော့ကြဖို့ အေးဆေးနေကြဖို့ ပြောပြီးနောက်ပိုင်းမှာ အခုလိုဖြစ်တာ။ အဲဒီလို ပြောခဲ့ပြီး နောက်ပိုင်းမှာဖြစ်တာဆိုတော့ အဲဒါကြောင့်မို့လိုများ လားလို့တော့ စဉ်းစားလို့ရတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကျွန်တော်ကတော့ အကျိုး တော်ဆောင်နဲ့ တိုင်ပင်ပြီး အမှုဖွင့်ဖို့ စီစဉ်ပါ မယ်။ အမှုဖွင့်ဖို့သွားနေတာ စခန်းနားရောက် မှ ရဲတွေကရပ်ကွက်ရုံးရောက်နေတယ်။ ဒီရပ် ကွက်ထဲက ကလေးတွေကို မေးစရာမြန်းစရာ ရှိတယ်ပြောလို့ပြန်လှည့်လာရတယ်” ဟု မိတ္ထီ လာမြို့ ကျီတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ပြောကြားသည်။
“ကျွန်တော်တို့ မြင်ရတာကတော့ ခိုးဖို့ ရည်ရွယ်ချက်မရှိဘူး။ ခိုးရင်လည်းအခု ဘုရား က ခေတ်ဘုရားတွေ၊ရှေးဘုရားလည်း မဟုတ် ဘူး။ အခု ဆုတောင်းပြည့်စေတီ တည်ထားကိုး ကွယ်တာ တစ်နှစ်ကျော်လောက်ပဲရှိသေး တယ်။ ဦးခေါင်းတွေကို ဖြတ်တာလည်း မ ဟုတ်လောက်ဘူး။ ဦးခေါင်းတော်ကို တစ်ခုခု နဲ့ ထုလိုက်လို့ ကျိုးကျသွားတာကို ဘုရားဘေး မှာ ကပ်ချခဲ့တာ။ ရှစ်ဆူရှိတာမှာ နှစ်ဆူကို အဲဒီလိုချိုးပြီး ဘုရားဘေးပြန်ချခဲ့တာဆိုတော့ တမင်သက်သက် ဖျက်လိုဖျက်ဆီး လုပ်တယ် လို့ပဲ ထင်တယ်။ ဘုရားမျက်နှာတော်တို့ ဘာ တို့မှာလည်း ဒဏ်ရာတို့ဘာတို့မရှိဘူး” ဟု သွားရောက်ကြည့်ရှုခဲ့သည့် မိတ္ထီလာမြို့၊ ကျီ တော်ကုန်းရပ်ကွက်နေ ဦးဝင်းက ပြောကြား သည်။
အဆိုပါ ဆုတောင်းပြည့်ဓမ္မဝိဇယစေတီ တော်အတွင်းရှိ ဂြိုလ်ပြေ၊နာမ်ပြေ ဘုရားနှစ်ဆူ ရိုက်ချိုးဖျက်ဆီးခံခဲ့ရမှုအား မိတ္ထီလာမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ကျော်နှင့်အဖွဲ့မှ လာရောက်စစ်ဆေး ခဲ့ပြီးအမှုဖွင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
