Top News

စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ စျေးအတွင်း အကြွေး တောင်းခံသည့် ကိစ္စနှင့်ပတ်သက်ပြီး လူစုလူဝေးဖြင့် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရ
24htopnews | September 20, 2024 7:12 PM CST

စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ စျေးအတွင်း အကြွေး တောင်းခံသည့်ကိစ္စနှင့်ပတ် သက်ပြီး လူစုလူဝေးဖြင့် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ်၊ ဒါးပိုင်ကျေးရွာစျေး ရှိ ဟာကိန်းဆိုသူ ပိုင်ဆိုင်သည့် စျေးဆိုင်ရှေ့တွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခန့်၌ လူတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်လျက်ရှိသဖြင့် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိ ရသည်။

ထိုသို့ဖြစ်ပေါ်နေချိန်တွင် အဆိုပါစျေး အတွင်းရောက်ရှိနေသည့် လုံခြုံရေးတပ်စခန်း မှ စစ်သည်နှစ်ဦးအား ဒါးပိုင်ကယ်ဆယ်ရေး စခန်းတာဝန်ခံ အီနူမှ ဟာကိန်း (၄၀ နှစ်) အပါအဝင်လူများက ဒါးပိုင်ကယ်ဆယ်ရေး စခန်းမှ ဟာဆောင်း(၆၂ နှစ်)အား ၀ိုင်းဝန်း ရိုက်နှက်လျက်ရှိကြောင်းနှင့် အချိန်မီ မတား ဆီးနိုင်ပါက ဟာဆောင်းမှာ သေဆုံးသွားနိုင် ကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒါးပိုင်ကယ်ဆယ်ရေး စခန်းတာဝန်ခံတို့ သွားရောက်၍ လူစုခွဲရန် အော်ဟစ်ပြောကြားသော်လည်း လူစု ကွဲခြင်းမရှိပဲ ဘေးပတ်ဝန်းကျင်မှ လူများ ထပ်မံဝိုင်းအုံလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လူစုကွဲစေရန် ရည်ရွယ်ပြီး ၎င်း ကိုင်ဆောင်သည့် သေနတ်အား မိုးပေါ်ထောင်၍ ငါးချက်ပစ်ခတ်သဖြင့် လူစုကွဲသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟာဆောင်း(၆၂ နှစ်)၊ (ဘ)မော်တော်အာလီသည် ဒါးပိုင်ကျေးရွာနေ ဟာကိန်း (၄၀ နှစ်)၊ (ဘ)မာမောက်ဂျော်လီ ထံမှ ဆန်ဖိုးငွေအကြွေး ကျပ်သိန်း ၄၅၀ တောင်းခံရာမှ အချင်းများခဲ့ပြီး ဟာဆောင်း အား ဟာကိန်းက ဓားဖြင့်ခုတ်၍ လုံးထွေးသတ် ပုတ်နေစဉ် ဟာကိန်း၏ညီဖြစ်သူ အဘူဟာ ရှိန်း(၃၃ နှစ်)၊ အိုစမန်(ခ)ခန်ကေ(၄၀ နှစ်)နှင့် သက္ကေပြင်ကျေးရွာနေ အာလောင် (၄၁ နှစ်)၊ (ဘ)ဇာဖောတို့လေးဦးက ဟာကိန်းအား သံတုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့် ၀ိုင်းဝန်း ထိုးကြိတ်ခြင်းများပြုလုပ်ခဲ့သဖြင့် ဟာဆောင်း၏ ဝဲလက်မရင်းပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်သန်းပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်ဖူးရောင် ဒဏ်ရာတစ်ချက်နှင့် ရင်ဘတ် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါဟာဆောင်းအား ၀ိုင်းဝန်း၍ ဓားဖြင့်ခုတ်ခြင်း၊ သံတုတ်ဖြင့်ရိုက်နှက်ခြင်း နှင့် လက်သီးဖြင့်ထိုးကြိတ်ခြင်းများ ဆောင် ရွက်ခဲ့သည့် ဟာကိန်းအပါအဝင် လေးဦးအား တရားဥပဒေ နှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK