ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ကာကွယ်ဆေးသည် ကာ ကွယ်ဆေးအမျိုးအစားအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ၀ိသေသများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင် ရွက်ရမည့်အချက်များ ၊ နောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သော ကိစ္စရပ်များ စသည်တို့နှင့် ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များကို မွမ်းမံပြောကြားသင်တန်းပြုလုပ်ရ ခြင်းဖြစ်ကြောင်း၊ ပထမအသုတ် ရောက်ရှိ လာသည့် COVID-19 ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အ သုတ်လိုက်ရောက်ရှိလာမည့် ကာကွယ်ဆေး များ ထိုးနှံရာတွင်လည်းကောင်း စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေး ထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်းလမ်းညွှန်များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ Email များဖြင့် လည်းကောင်း ၊ စာအုပ်များဖြင့်လည်း ကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည် နယ်များသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးသည် အသစ် ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များကို လည်း နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အ ကြောင်းအရာများနှင့် အချက်အလက်များ ရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားမည်ဖြစ် ကြောင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက် ထိုးနှံအသုံးပြုနေသည့် COVID-19 ကာ ကွယ်ဆေးများသည် ဓာတ်ခွဲခန်း နှင့် သုတေသန လေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု ရှိသည်ကိုသာ သိရှိရသေးပြီး လက် တွေ့ပြင်ပတွင် စွမ်းရည်ထက်မြက်ခြင်း မည် သည့် အတိုင်းအတာအထိ ရှိသည်ကို ဆက် လက်လေ့လာနေဆဲဖြစ်ကြောင်း ပြောကြား သည်။
ထို့ပြင် COVID-19 ကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ် မှုစွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာ မည်မျှရှိမည် စ သည့် အချက်အလက်များကိုလည်း ဆက် လက် လေ့လာနေဆဲဖြစ်ကြောင်း၊ ယခုရရှိ သည့် သတင်းများအရ COVID-19 ကာ ကွယ်ဆေးများသည် စွမ်းရည်ထက်မြက် ခြင်းရှိသည်ဟု သိရှိရကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူ ဖြစ်စေ COVID-19 ကာကွယ်ရေးနည်း လမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးများရရှိစေရန် နှင့် ယခု ပထမအသုတ် ရောက်ရှိပြီး ထိုးနှံ ရေးအတွက် ကာကွယ်ဆေးသိုလှောင်ခြင်း၊ အအေးလမ်းကြောင်းမပျက်စေဘဲ ပို့ဆောင် ခြင်း၊ စာရင်းများပြုစုခြင်း၊ ကာကွယ်ဆေးထိုး ကဒ်များ ပြုစုခြင်း၊ ကာကွယ်ဆေးထိုးအစီအ စဉ်ရေးဆွဲခြင်း၊ ကာကွယ်ဆေးထိုးပြီး ဖြစ် ပွားတတ်သော နောက်ဆက်တွဲပြဿနာများ အတွက် စနစ်တကျ ကိုင်တွယ်စီမံနိုင်ရေး အစီအစဉ်များ ရေးဆွဲခြင်း စသည်တို့ကို ရေး ဆွဲပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန် ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
