Covishield ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက်များသာ ထိုးနှံရမည်ဖြစ်ပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး လေးပတ်အကြာမှသာ ရောဂါကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သိရသည်။
အိန္ဒိယနိုင်ငံ Serum Institute of India Company က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး Covishield သည် ChAdOx 1n CoV-19 Corona Virus Vaccine (Recombinant) ကာ ကွယ်ဆေးအမျိုးအစား ဖြစ်ပြီး အပူချိန် 2 ံC to 8 ံ C တွင် ထားသိုနိုင်သည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး၊ ဆေး၊ အစားအစာတစ် မျိုးမျိုးကို ပြင်းထန်စွာ ဓာတ်မတည့်ခြင်းဖြစ် ဖူးသူများ၊ ဖျားနာနေသူများ၊ သွေးရောဂါရှိ သူများ၊ ကိုယ်ခံအားစနစ်အားနည်းစေသော ဆေးကုသမှုခံယူနေသူများ သို့မဟုတ် ကိုယ်ခံအားနည်းနေသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်ကလေးမိခင်များ၊ ဆေးတွင်ပါဝင် သော Ingridients ပါဝင်ပစ္စည်းများကို ပြင်းထန်စွာ ဓာတ်မတည့်သူများအနေဖြင့် ထိုးနှံခြင်း မပြုရန်၊ ယင်းကာကွယ်ဆေးမှာ တစ်ကြိမ်လျှင် 0.5 ml နှစ်ကြိမ်ထိုးရပြီး ပထမ တစ်ကြိမ်နှင့် ဒုတိယအကြိမ်မှာ လေးပတ်မှ ခြောက်ပတ်ခြား ထိုးနှံရမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး လေးပတ်အ ကြာမှသာ COVID-19 ရောဂါကာကွယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ အသုံးပြုနေသည့် COVID-19 ကာကွယ်ဆေးများသည် အနည်းဆုံး ရာခိုင်နှုန်း ၅၀ မှ ရာခိုင်နှုန်း ၇၀ အထိ ကာကွယ် မှုရရှိခြင်း၊ ကာကွယ်ဆေးထိုးပြီးလျှင် ပြင်း ထန်သော ဘေးထွက်ဆိုးကျိုးမရှိခြင်းနှင့် အချိန်ကြာမြင့်စွာ ရောဂါခုခံနိုင်စွမ်းအား ရရှိခြင်းများရှိကြောင်းနှင့် COVID-19ရောဂါ ဖြစ်ပွားနေသူများနှင့် သံသယလက္ခဏာ ခံစားနေရသူများသည် ရောဂါလက္ခဏာအားလုံး သက်သာပျောက်ကင်းပြီးနောက် ၁၄ ရက် ကြာမှသာ ကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။
COVID-19ရောဂါဖြစ်ပွားဖူးသူများ သည်လည်း COVID-19 ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန် လိုအပ်ပြီး သို့မှသာ COVID-19 ရောဂါထပ်မံဖြစ်ပွားမှုမှ ကာ ကွယ်ရန်နှင့် COVID-19 ၏ နောက်ဆက် တွဲဆိုးကျိုးများဖြစ်ခြင်းမှ ကာကွယ်ရန် လို အပ်သော ကိုယ်ခံအားကို ရရှိမည်ဖြစ် ကြောင်း သိရသည်။
COVID-19ကာကွယ်ဆေးသည် မိမိ ဆန္ဒအလျောက် ထိုးနှံရမည့် ကာကွယ်ဆေး ဖြစ်ပြီး ဆေးထိုးနှံမည်ဟု ဆုံးဖြတ်ထားပါက ရောဂါကူးစက်မှုကို ကာကွယ်နိုင်မည့် ကိုယ်ခံအားရရှိရန် သတ်မှတ်အကြိမ်အရေအတွက် ပြည့်မီအောင် ထိုးနှံရမည်ဖြစ်သည်။
COVID-19ကာကွယ်ဆေးများ ထုတ်လုပ်နိုင်သည်မှာ မကြာသေး၍ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုနေ သော ကာကွယ်ဆေးများကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရည်အသွေးပြည့်မီကြောင်း အပြည့်အဝ ထောက်ခံချက် မရရှိသေးကြောင်း၊ သို့ရာတွင် ဘေးကင်း၍ အာနိသင် ပြည့်ဝစေရန် ကာကွယ်ဆေးထုတ်လုပ်ရာတွင် လိုက်နာရမည့် စံချိန်စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထား၍ ကာကွယ်ဆေး၏ အစွမ်းထက်မှု၊ ဘေးကင်းမှုအပါအဝင် အခြား လိုအပ်သော ၀ိသေသများကို ကာကွယ်ဆေး ထိန်းချုပ် စိစစ်ခွင့်ပြုသူများက စစ်ဆေးပြီး ကမ္ဘာ့စျေးကွက်တွင် ရောင်းချရန် ခွင့်ပြုချက် ရရှိထား၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိထား သော ကာကွယ်ဆေးများကိုသာ ထိုးနှံပေးနိုင် ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက အသိပေးကြေ ညာထားသည်။
ယေဘုယျအားဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးပါက ကိုယ်ခန္ဓာမှ ကိုယ်ခံစွမ်းအား စတင်ထွက်ရှိရန် အနည်းဆုံးအ ချိန်နှစ်ပတ်ခန့်လိုအပ်ပြီး ကာကွယ်ဆေးထိုး ပြီးသော်လည်း ရောဂါကူးစက်မှုမှ ကာကွယ် ရန် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေခြင်းတို့ကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးကို အကြိမ် ပြည့်ထိုးနှံပြီးပါ ကလည်း COVID-19 ရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် လူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက် ကို မကြာခဏဆေးခြင်းနှင့် လူတစ်ဦးနှင့်တစ် ဦး ခြောက်ပေအကွာနေခြင်းတို့ကို သေချာစွာ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
