နောက်ဆုံး စိစစ်တွေ့ရှိချက်အတိုင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု နှစ်သန်းကျော်အ တွက် ကျပ် ၅၆ ဘီလျံကျော် ထောက်ပံ့ပေး မည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သူက ပြောကြားသည်။
အစိုးရ၏ စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်သည့်အချိန်တွင် စာရင်းမပါဝင်ခဲ့ သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား ထပ်တိုးအိမ်ထောင်စုများနှင့်ပတ်သက် ၍ ထောက်ပံ့ပေးမည့်အခြေအနေကို ဇန်န ၀ါရီ ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။
“ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေ အရ ထပ်တိုးအိမ်ထောင်စု ၂၀၁၁၀၉၅ စုအတွက် ငွေကျပ် ၅၆ ဒသမ ၀၇၆၆ ဘီလျံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက် ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်း စကားပါးလိုပါတယ်” ဟု ပြည်ထောင်စုဝန် ကြီး ပြောကြားသည်။
ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း စား အိမ်ထောင်စုများကို စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်သည့်အချိန်တွင် စာ ရင်းများတွင် မပါဝင်ခြင်း၊ COVID-19 ဖြစ်ပွားသည့် ကာလရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးသွားရခြင်း စသည့် အကြောင်းတရားများအပေါ်မူတည်ပြီး စားရေးသောက်ရေးအခက်အခဲကြုံတွေ့လာ၍ ထောက်ပံ့ကြေးရယူလိုသည့် အိမ်ထောင်စုများက တင်ပြတိုင်ကြားခြင်းအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုနှင့် အဖွဲ့ငယ်များဖွဲ့ပြီး စိစစ်ခဲ့ ကြခြင်းကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းသို့ ထပ်တိုးထောက်ပံ့မည့် အိမ်ထောင်စုများကို ထောက်ပံ့ရာတွင် အငြင်းပွားဖွယ်ရာကိစ္စများ မဖြစ်ပွားစေရန်၊ ပွင့်လင်းမြင်သာသည့် ထောက်ပံ့မှုမျိုးဖြစ်စေရန် သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေများ မှန်မှန်ကန်ကန်ရောက်ရှိစေရန်နှင့် ကြီးကြပ်ကွပ်ကဲမှုအားနည်းသည့် အတွက်ကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် ထိရောက်စွာကြီးကြပ် ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျလက် ရောက်ပေးအပ်သွားရန်အတွက် ဗဟိုကော် မတီကတစ်ဆင့် ညွှန်ကြားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
စတုတ္ထအကြိမ် Stay Home ပြင်ပရှိသည့် အိမ်ထောင်စုတစ်စုအား ကျပ်နှစ် သောင်းနှုန်း၊ Stay at Home အတွင်းရှိသည့် အိမ်ထောင်စုတစ်စု ကျပ်လေးသောင်းနှုန်း ဖြင့် အိမ်ထောင်စု စုစုပေါင်း ၆၁၀၆၇၆၁ စု အတွက် ထောက်ပံ့မှုတန်ဖိုး စုစုပေါင်း ကျပ် ၁၆၃ ဒသမ ၉၀၅ ဘီလျံကို ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် COVID-19 ကာလအတွင်း အစိုးရ၏ထောက်ပံ့မှုအနေဖြင့် ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ ငွေကြေး၊ ပစ္စည်းငါးမျိုးထောက်ပံ့မှုနှင့် စပ်လျဉ်းပြီး ပြည်သူများကို ပွင့်လင်းမြင်သာစွာအသိပေး ကြေညာလိုသည့်အတွက် ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် ထောက်ပံ့ပေးခဲ့သည့် အိမ် ထောင်စု၏ အိမ်ထောင်ဦးစီး အမည်စာရင်း၊ ထောက်ပံ့ပေးအပ်သည့် နှုန်းထားများကို ရပ် ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ တွင် ကပ်ထားပေးရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း သိရသည်။
COVID-19 ကာလအတွင်း စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို စားသောက်ရေးအ ဆင်ပြေစေရန် အစိုးရက ထောက်ပံ့မှုလေး ကြိမ်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ် ၅၆၈ ဒသမ ၆၄ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
