ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းသွားရောက်ဝယ်ယူသည့် ယာဉ်မောင်းတစ်ဦးသည် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားအပေါ်မှ မွန်းလွဲ ၂နာရီခန့်က ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်မှု ပြုလုပ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
အမှတ်၂ ချစ်ကြည်ရေး တံတားပေါ်မှ ခုန်ချ၍ သေဆုံး သွားသောသူမှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူဖြစ်သပြီး ၄င်းသည်ထိုင်းနိုင်ငံမှ မုန့်မျိုးစုံတင်ဆောင်လာသည့် ယာဉ်ကို မောင်းနှင်လာခဲ့ပြီး တံတားအလယ်သို့ အရောက်တွင် ယာဉ်အားရပ်တန့်ကာ ခုန်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အခင်း ဖြစ်ပွားကြောင်း သတင်းအရ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦး ၊ အမှတ်(၂)ချစ်ကြည်ရေးတံတား တာဝန်ကျ ဒုရဲမှူး စောမြတို့ နှင့် တာဝန်ရှိသူများသွားရောက်၍ အလောင်းအား ပြန်လည် ဆယ်ယူသယ်ဆောင်နိုင်ရေး ထိုင်းနိုင်ငံ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
သေဆုံးသူအား မြဝတီမြို့ Z-RESCUE လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ ဆယ်တင်ခဲ့ပြီး ထိုင်းတာဝန် ရှိသူများမှ မြန်မာနိုင်ငံ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး Z-RESCUE ယာဉ်ဖြင့် တင်ဆောင်၍ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ ၎င်းသည် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် အမှားအယွင်းများရှိခဲ့၍ ငွေကြေးအခက်အခဲကြောင့် စိတ်ညစ်နေကြောင်း ပြောပြသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံး ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
