ရှမ်းပြည်နယ်တောင်ပိုင်း ရေဘေးသင့်ပြည်သူများထံသို့ ရှမ်းပြည်မြောက်ပိုင်းဒေသခံပြည်သူများနှင့် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ စက်တင်ဘာ (၂၄) ရက်မှစတင်၍ စားနပ်ရိက္ခာများသွားရောက်လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးကပေါ်ပြူလာနယူးစ်ကို ပြောသည်။
ထိုသို့ လှူဒါန်းရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော ၊ ရွှေညောင်၊ ညောင်ရွှေနှင့် လှူဒါန်းမှုများဖြင့် အလှမ်းဝေးနေသည့် ကျေးရွာများသို့အရောက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ဆိုသည်။
” ကျွန်တော်တို့ အလှူတွေ မရောက်တဲ့နေရာတွေ၊ တကယ်လိုအပ်ပြီး ချို့ချို့တဲ့တဲ့နေရတဲ့ အခြေခံလူတန်းစားတွေဆီကို အရောက်သွားပြီး လှူမှာပါ။ ခြင်ထောင်တို့ စောင်တို့ကအစ ဆေးဝါးတို့ အစားအသောက်တို့ အဆုံးလိုအပ်တာအကုန်လှူကြမှာပါ။ အခုတော့ ပြင်ဆင်နေကြပါပြီ”ဟု ၎င်းက ဆိုသည်။
ရှမ်းမြောက်တိုက်ပွဲကြောင့် ဒေသခံစစ်ရှောင်များမှာ ရှမ်းတောင် ရွှေညောင်၊ ညောင်ရွှေနှင့် ကလောမြိုသို့ တိမ်းရှောင်နေစဉ် ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ကာ ၊ ရေကြီးမှုဖြစ်စဉ်အတွင်း ရှမ်းမြောက်စစ်ဘေးရှောင်များအသက်ဆုံးရှုံးခဲ့ရကြောင်း၎င်းက ဆိုသည်။
ထို့ပြင် ရှမ်း/မြောက် ကျောက်မဲမြို့တစ်ခုတည်းမှ ဒေသခံစစ်ရှောင် (၁၁)ဦးခန့် အသက်ဆုံးရှုံးမှုအတွင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
