မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ချောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ သရက်မြို့နယ်၊ မင်းဘူးမြို့နယ်တို့တွင် ယနေ့ စက်တင်ဘာ (၂၀)ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် လမ်းများပေါ်သို့ သစ်ပင်လဲကျမှုနှင့် မြေပြိုမှုတို့ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ကျေးရွာ၊ ရွာလယ်မြောက်ပိုင်းတွင် ယနေ့ (၂၀)ရက် နံနက် (၈)နာရီ (၂၅)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်အမြစ်လန်လဲကျမှု ဖြစ်ပွားကြောင်း သတင်းအရ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နံနက်(၈)နာရီအချိန်က ချောက်မြို့နယ်၊အမှတ်(၁၅)နယ်မြေ၊ ရတနာအိုင့်ရပ်တွင် နေအိမ်အနောက်ဖက် ကမ်းပါးရှိမြေသားများပြိုကျမှုဖြစ်ပွားခဲ့ပြီး ချောက်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထို့ပြင် မြို့သစ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မြမဉ္ဇူလမ်းနှင့် ရွှေတမာလမ်းတွင် စက်တင်ဘာ (၂၀)ရက်၊ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းအရ မြို့သစ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ(၂၀) ရက်၊ နံနက် (၈)နာရီ (၁၅)မိနစ် အချိန်က သရက်မြို့နယ်၊ ကညနရုံးရှေ့တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွာခဲ့ပြီး သရက်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ စက်တင်ဘာ (၂၀) ရက်၊ နံနက် (၈)နာရီ (၁၅) မိနစ်အချိန်ကလည်း မင်းဘူးမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ရှမ်းစုရပ်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ရာ မင်းဘူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်အချို့ ပျက်စီးမှုနှင့် လမ်းပိတ်ဆို့မှုတို့ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
