မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့မှ စက်တင်ဘာလ(၁၉)ရက်က ပျက်စီးခဲ့ရသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အမြန်ဆုံး ပြေးဆွဲနိုင်ရေး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သပြေတောင်းဘူတာသို့ ရောက်ရှိပြီး သပြေတောင်းဘူတာနှင့် စမုံဘူတာအကြား ရထားလမ်းပိုင်းနှင့် တံတားများပျက်စီးမှု ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီး သပြေတောင်းနှင့် စမုံဘူတာအကြား တံတားအမှတ်(၆၉၁)အား ပြန်လည် ပြုပြင်နိုင်ရေး ဘေလီသံဘောင်များကို အမြန်ဆုံးပို့ဆောင်ရေး၊ တံတားနေရာသို့ ရောက်ရှိပြီးဖြစ်သည့် မြေထိုးစက်ယန္တရားများကို ပျက်စီးသွားသည့် ရထားလမ်းမြေသားတာဘောင် မြေဖိုပြုပြင်တွင် ထိရောက်စွာ အသုံးပြုရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်ရထားပေါ်မှ (၆”x ၉”)လက်မကျောက်ကြီးများ ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေ၊ တံတားအမှတ်(၆၉၅)၊ (၆၉၄)၊ (၆၉၃) တို့တွင် တံတားချဉ်းကပ်လမ်းများ ရေတိုက်စားသဖြင့် သံလမ်းများ ခေတ္တဖြုတ်သိမ်းပြီး ရထားလမ်းတာဘောင်များပြန်လည် ဆောင်ရွက်မည့်အခြေအနေ၊ ရေတိုက်စား မျောပါသွားသည့် လမ်းခင်းကျောက်များ ပြန်လည်ဆယ်တင်မှုအခြေအနေတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပျက်စီးနေသည့် ရထားလမ်းနှင့် တံတားပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းနေရာများ၌ Steel Girder ထည့်သွင်းခြင်း၊ သံလမ်းဖြုတ်သိမ်းခြင်း၊ သဲအိတ်စီထပ်ခြင်း၊ (၆”x၉”)လက်မ ကျောက်ကြီးများ ထည့်သွင်းခြင်း၊ တာဘောင်မြေဖိုခြင်း၊ သံလမ်းပြန်လည်ခင်းခြင်း၊ သစ်သားဖားထပ်ခွေခြင်း၊ ဆောင်ရွက်ပြီးစီးမှုများ စစ်ဆေးခဲ့သည်။
တံတားအမှတ်(၆၉၁)နေရာ၌ ဆက်လက်ဆောင်ရွက်မည့် တံတားဘေလီသံဘောင်ထည့်သွင်းခြင်း လုပ်ငန်းအခြေအနေများအား အသေးစိတ်မှာကြား၍ စမုံနှင့်သပြေတောင်းအဆန်လမ်းပိုင်းအား စက်တင်ဘာလမကုန်မီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် သာစည်မှ ဘုရားငါးဆူအထိ သွားရောက်ခဲ့ပြီး ရေတိုက်စား ပျက်စီးလျက်ရှိသည့် သာစည်နှင့် လှိုင်းတက်ကြား၊ လှိုင်းတက်နှင့် ဘုရားငါးဆူ အကြားရှိ ရထားလမ်းတာဘောင်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ရန်လုပ်ငန်းများအား အမြန်ဆုံးစတင်ပြုပြင်ရန် မှာကြားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း“ယာဂီ”၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်း တာဘောင်နေရာများနှင့် တံတားများအား ရေတိုက်စား၍ ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့ရာ ယာယီရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်လျက်ရှိရာ စက်တင်ဘာ (၁၈)ရက်မှ စတင်၍ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာ အချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သာစည်ဘူတာတွင် ယာယီရပ်တန့်ထားရသော အစုန်ကုန်ရထားတွဲဆိုင်း (၄)ဆိုင်းနှင့် ညောင်ရမ်းဘူတာ၌ ရပ်ထားရသည့် အမှတ် ၂ အစုန် စာပို့ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက်စေလွှတ် ပေးနိုင်ပြီဖြစ်ကြောင်းနှင့် ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ်တန့်ထားသော အဆန်ကုန်ရထား ၄ စင်းတို့ကိုလည်း သာစည်ဘူတာသို့ ရွှေ့ပြောင်းပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှ မန္တလေးအထိ လူစီးရထားများ၊ ကုန်ရထားများ စောလျင်စွာ ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
