ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီး (၁) ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရော-င်းစားကာ ငွေကြေး အကျိုးအမြတ်ရယူခဲ့သူ အမျိုးသမီးကို လူကု-န်ကူးမှုဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ မချယ်ရီမင်းမင်း (ခ) ချယ်ရီနှင့် နန်းမားကျေးရွာနေ မကေသီစိုး (ခ) ချီချီ တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နေ မ—၊ (၁၈) နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောင်္ကျားယူရမည့် အလုပ်လုပ်ပါက ယွမ် (၁၅၀၀၀) ရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထိုသို့ စည်းရုံးခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် မူဆယ်မြို့မ ရဲ စခန်း (ပ) ၉၇ / ၂၀၂၄၊ လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) / ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၁၈) ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ တရားခံ မကေသီစိုး (ခ) ချီချီကို လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
