ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှ စ၍ နိုင်ငံတစ်ဝန်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ စက်တင်ဘာ (၁၉) ရက်အထိ ပြည်သူ (၂၉၃) ယောက် ေ-သဆုံးပြီး (၈၉) ယောက် ပျောက်ဆုံးနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် တိရစ္ဆာန်မျိုးစုံ အကောင်ရေစုစုပေါင်း (၁၂၉,၀၀၀) ကျော် ေ-သဆုံးခဲ့ကာ စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧကပေါင်း (၇ ၆၆,၅၀၀) ဧက ရေဝင်နစ်မြုပ်ပျက်စီးခဲ့ကြောင်းလည်းထုတ် ပြန်ချက်တွင် ပြောသည်။
ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းပေါင်း (၄၂၅) ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စုပေါင်း (၄၇၀၀၀) ကျော်ရှိ ပြည်သူ (၁၆၀၀၀၀) ကျော်ကို ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ကူညီရေးများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ထိုနည်းတူ ဌာနဆိုင်ရာ ရုံးအဆောက်အဦ (၁၁၃) လုံး၊ စာသင်ကျောင်းပေါင်း (၉၁၉) ကျောင်း၊ ဘာသာရေးအဆောက်အဦး (၃၃၁) အပါအဝင် လမ်း၊ တံတား၊ ဆက်သွယ်ရေးတိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နစက ကမူ ရေဘေးကယ်ဆယ်ကူညီရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပြီး ရေ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကိုလည်း ထိခိုက်ပျက်စီးမှုအလိုက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကာ တွက်ချက်နေကြောင်းလည်း သိရသည်။
ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
