ယနေ့ခေတ်တွင် စမတ်ဖုန်း၊ကွန်ပျူတာနှင့်လက်ပ်တော့အစရှိသည့် ပစ္စည်းများအားလုံးသည် မဖြစ်မနေအသုံးပြုရသည့်အရာများဖြစ်လာပြီး ထိုအရာများကို အဆင်ပြေပြေအသုံးပြုနိုင်ရန်မှာ အားပြန်သွင်းဖို့က အရေးကြီးသည့်အရာတစ်ခုလည်းဖြစ်လာခဲ့သည်။
အားပြန်သွင်းရမည်မှာအရေးကြီးသော်လည်း လျှပ်စစ်ဓါတ်အားမရှိပါက အလွယ်တကူမသွင်းနိုင်သည့်အခြေအနေတွင် Shine 2.0 အမည်ရှိ ကုန်ပစ္စည်းတစ်ခုစတင်မိတ်ဆက်ပေါ်ပေါက်လာခဲ့သည်။
၎င်းမှာအခြားမဟုတ် လေအား လျှပ်စစ်တာဘိုင်ဖြင့် အားဖြည့်သွင်းနိုင်သည့် ခရီးဆောင်တာဘိုင်ငယ်များဖြစ်ပြီး အဆိုပါတာဘိုင်များကို ခရီးသွားလာမှုကြိုက်နှစ်သက်သူများနှင့် အရေးပေါ်အခြေအနေများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းလည်းဖြစ်ကြောင်းသိရသည်။
သယ်ဆောင်ရလွယ်ကူစေရန် အိတ်ဆောင်လေအား လျှပ်စစ်တာဘိုင်ကို ခရီးဆောင်အိတ်ထဲထည့်လို့ရသည့် ရေသန့်တစ်လီတာဗူးအရွယ်အစားဖြင့်ထုတ်လုပ်ထားကာ အလေးချိန်မှာ ၁ ဒသမ ၃၆ ကီလိုဂရမ်သာရှိသည်ဟုလည်းသိရသည်။
လေအား လျှပ်စစ်တာဘိုင်သည် ဖုန်းတစ်လုံးကို ၁၇ မိနစ်ဖြင့် အားအပြည့်သွင်းပေးနိုင်သကဲ့သို့ လက်ပ်တော့အတွက်ကိုမူ ၂ နာရီသာကြာပြီး လေတိုက်နှုန်းသည် တစ်နာရီ ၈ မိုင်အောက်နှုန်းကိုကျသွားပါက လက်ပ်တော့တစ်လုံးအတွက်အားသွင်းရန် ၇၅ နာရီအထိကြာမြင့် နိုင်သည်ဟု သိရ သည်။
ကမ္ဘာလုံးဆိုင်ရာလေအား လျှပ်စစ် တပ်ဆင် အသုံးပြုမှုများသည် ၂၀၂၃ ခုနှစ်တွင် အများဆုံး ဖြစ်လာခဲ့ပြီး အောက်တွင်ဖော်ပြထားသော နိုင်ငံပေါင်း ၁၅ နိုင်ငံသည် လေအားတာဘိုင်စွမ်းရည်ကိုအသုံးပြုသည့် ထိပ်တန်းနိုင်ငံများလည်းဖြစ်သည်။
တရုတ်နိုင်ငံသည်လည်း လေအားလျှပ်စစ်စနစ်သုံးတပ်ဆင်အသုံးပြုမှုများကို အဓိကအသုံးပြုသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး လေအားဖြင့် မဂ္ဂါဝပ် ၄၄၁,၈၉၅ ကိုထုတ်လုပ်ထားနိုင်ကာ အမေရိကသည်လေအားအသုံးပြုစွမ်းအင်ထုတ်လုပ်ရာ၌ တရုတ်နောက်ကကပ်နေသည့် ဒုတိယနိုင်ငံတစ်နိုင်ငံလည်းဖြစ်လာခဲ့သည်။
Ref 1 : Visual Capitalist
Ref 2 : News Atlas



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
