Apple ကုမ္ပဏီကနောက်ဆုံးထုတ်လုပ်သည့် iPhone 16s ကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့၌ ယနေ့စတင်ရောင်းချခဲ့ရာ အရင်ဦးဆုံးဝယ်ယူကိုင်ဆောင်ခွင့်ရရန် လူအုပ်စုကြီးတန်းစီစောင့်ဆိုင်းနေကြသည့်အနက် ပထမဆုံးဝယ်ယူခွင့်ရရှိခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်နေကြောင်းသိရသည်။
ဖုန်းဝယ်ယူလိုသူများသည် ထိုင်းနိုင်ငံရှိ Central World ဈေးဝယ်စင်တာနှင့် Iconsiam ဈေးဝယ်စင်တာများရှိ Apple showroom ရှေ့တွင် တန်းစီစောင့်ဆိုင်းနေပြီး မနက်ရှစ်နာရီ ဆိုင်မဖွင့်ကတည်းက ဇွဲရှိရှိ ဖြင့်တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ တွင်ဖော်ပြထားသည်။
CentralWorld ဈေးဝယ်စင်တာရှိ Apple Showroom တွင် iPhone 16s ကိုပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး Iconsiam ဈေးဝယ်စင်တာ၌မူ ဗီယက်နမ်အမျိုးသမီးတစ်ဦးက ပထမဆုံးဝယ်ယူပိုင်ဆိုင်နိုင်ခဲ့ကြကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် iPhone 16 series ကို ပွဲဦးထွက်မိတ်ဆက်နိုင်ခဲ့သည့် နိုင်ငံပေါင်း ၆၀ ခန့်အနက် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး အခြားနိုင်ငံများမှာ အမေရိက၊တရုတ်၊အိန္ဒိယ၊တောင်ကိုရီးယားနှင့် စင်္ကာပူတို့ဖြစ်ကြသည်။လာမည့်သောကြာနေ့၌ ဗီယက်နမ်နှင့်အခြားနိုင်ငံများတွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်းသိရသည်။
Source : ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
