ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်တောင်းမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၂၀ ရက်ည ၆ နာရီက ထုတ်ပြန်ခဲ့သည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့်ကျဆင်းနိုင်သည်ဟုလည်း မိုးဇလကထုတ်ပြန်ခဲ့သည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်လည်း မြို့၏စိုးရိမ်ရေမှတ်အထက် ၅ ပေကျော် ကျော်လွန်ရောက်ရှိနေကာ လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့်ကျဆင်းလာနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့အ တွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန် မိုးဇလကအသိပေးနှိုး ဆော်ခဲ့သည်။
တောင်ငူမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်ခဲ့ရာ ရပ်ကွက်/ကျေးရွာများအတွင်းရှိ နေအိမ်များ၊လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများမှာ ယာယီရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
